ဒယ်ဒီ

3.3K 380 42
                                    

စာမေးပွဲအတွင်းမှာ ခေတ်က အိမ်မှာ ထမင်းချက်မစားနိုင်လောက်အောင် အလုပ်များနေတာမို့ ဒေါ်သီရီသွင် ကဘဲ ခေတ်ရဲ့ အစားအသောက်ကို တာဝန်ယူထားလိုက်သည်။

စာမေးပွဲနောက်ဆုံးနေ့ >>>>>
စာမေးပွဲပြီးတော့ လွန်းနဲ့ ရှင်းသန့်က ရုံးခန်းရှေ့မှာ ရစ်သီရစ်သီ လုပ်နေလေသည်။
ကိုကိုက ဟိုပြေးလိုက် ဒီပြေးလိုက် မအားတဲ့ကြားက လွန်းတို့ မြင်တော့ ချက်ချင်း အနားရောက်လာကာ

"ဖြေနိုင်ကြလား?"

ဆိုတော့ လွန်းက ပြုံးကာ ခေါင်းလေ ညိတ်ပြပေမယ့် ရှင်းသန့်ကတော့ အပြုံးလေးပင် သိပ်မပီပြင်ပေ။

ခေတ်က ရှင်းသန့်ကို ပြုံးပြလိုက်ရင်း

"မပူပါနဲ့... မင်းတို့ field ဆင်းတဲ့ အမှတ်တွေလည်း ယူဦးမှာလေ.."

ထိုအခါမှ အမောင်ရှင်းသန့် မျက်နှာက ပြန်ပြုံးလာတော့သည်။

"ကို.. ဆရာ ဒီနေ့ကော အိမ်ပြန်နောက်ကျမှာလား??"

"အင်းဟုတ်တယ်! အဖြေလွှာတွေ စီစစ်ရဦးမှာ"

"အော်! ဒါဆို မနက်ဖန်ကော ကျတော်တို့  field ဆင်းတာကို လိုက်မှာလား???"

"ဆောရီး ! ကိုယ်မလိုက်နိုင်လောက်ဖူး...နောက်ရက်တော့ ကိုယ်ရောက်အောင် လာခဲ့မယ်လေ "

လွန်းက မျက်နှာမကောင်းပေမယ့် ခေါင်းညိတ်ပြလိုက်သည်။

"လွန်း ကိုယ် မင်းကို ပေးစရာရှိသေးတယ် ! ခနလေး"

ဆိုကာ ရုံးခန်းထဲ ဝင်သွားတာမို့ လွန်းလည်း အနောက်က လိုက်ဝင်လိုက်သည်။

ရှင်းသန့်ကတော့ အလိုက်တသိ ရှေ့မှာသာ နေခဲ့လေသည်။

"ဘာပေးမှာလဲ??"

ဆိုတော့ ကိုကိုက လွန်း ပါးကို ရွှတ်ခနဲ့ နမ်းလိုက်လေသည်။
လွန်းက မျက်လုံးပြူးနဲ့ အလန့်တကြား ကြည့်လိုက်တော့ ကိုကိုက လွန်း နှာခေါင်းကို လက်ညှိုးကွေးလေးနှင့် ဖွဖွ တို့လိုက်ရင်း

"ရပြီ! အခုတော့ energy ပြန်ပြည့်လာပြီ"

ဆိုကာ ထွက်သွားဖို့ လုပ်တော့ လွန်းက ကိုကို့ ကို ပြန်ဆွဲကာ နရံမှာ ကပ်လိုက်ပြီး နှုတ်ခမ်းတွေကို နမ်းလိုက်လေသည်။

My Dear Professor <ပါမောက္ခလေး ကျတော့်ချစ်သူ>Where stories live. Discover now