ခွေးပေါက်လေး

3.5K 427 15
                                    

လွန်းက အိပ်နေရင်း တစ်ယောက်ယောက်က စိုက်ကြည့်နေသော ခံစားချက်ကြောင့် မျက်လုံးတွေ ဖျက်ခနဲ့ ပွင့်သွားတော့သည်။

အဟုတ်ပင် ကုတင်ဘေးမှာ သူ့ကို စိုက်ကြည့်နေသော ကိုကို့ကြောင့် လန့်သွားရသည်။

"ခင်ဗျား "
"ဟင်"

"အဲ ကိုကို ဘယ်လို လုပ် ကျတော့် အခန်းထဲရောက်နေတာလဲ?"

"လွန်းမှ လော့ချမထားတာ..ပြီးတော့ ကိုကို တံခါးခေါက်သေးတယ် ဘာမှပြန်မထူးလို့"

ပြောပြီး လွန်းကို စိုက်ကြည့်ကာ ပြုံးနေသေးတာကြောင့် လွန်းက မလုံမလဲဖြစ်ကာ

"အပြင် အပြင်မှာစောင့်နေ ! ကျတော် မျက်နှာသစ်ပြီး လာခဲ့မယ်"

သိုသော် ကိုကိုက သူပြောတာကို ဂရုမစိုက်ခဲ့ဘဲ

"လွန်း မင်းသိလား??
မင်းရဲ့ အခုပုံစံက ကိုယ့်ကို ဘာကို သတိရစေလဲသိလား??"

"ဘာကိုလဲ??"

"မင်းနဲ့ စတွေ့တဲ့ အချိန်လေ!!
အာ့အချိန်တုန်းက မင်းက အခုလိုဘဲ ဆံပင် ဘုတ်သိုက်လေးနဲ့ "

"အာ အာ့အချိန်တုန်းက ကျတော်က ကလေးဘဲရှိသေးတာလေ"

"ကိုကို ပြောတာ ဆုံးအောင် နားထောင်ဦး
အာ့အချိန်တုန်းက ဆံပင်ကလည်း ဘုတ်သိုက်လေးနဲ့ ပြီးတော့ မင်းအရမ်းဖြူစင်တာ
ကိုယ့်အတွက်ဆို ခွေးပေါက်စလေးနဲ့တူတယ် "

လွန်းက သူ့ကို ခွေးပေါက်လေးနဲ့ တူတယ်ဆိုတော့ ကိုကို့ ကို မကျေမနပ်ကြည့်လိုက်သည်။

ခေတ်က ပြုံးလိုက်ပြီး လွန်းကို စိုက်ကြည့်လာကာ

"အရင်လို ကိုကို့ရဲ့ ခွေးပေါက်လေးဘဲ ပြန်ဖြစ်စေချင်တယ်...
ဒါကြောင့် မင်းကိုယ်မင်း အန္တရယ်ရှိတဲ့လူတစ်ယောက်လိုမနေပါနဲ့တော့ "

ကိုကို ဘာကို ဆိုလိုတယ်ဆိုတာ လွန်းက နားမလည်နိုင်။

"ကိုကို ဘာကိုဆိုလိုတာလဲ?"

လွန်း မေးလိုက်တော့ ကိုကိုက လွန်း နှာခေါင်းကို လက်ညှိုးကွေးလေးဖြင့် အသာတို့လိုက်ရင်း

"ကိုကို ဖြည်းဖြည်းချင်းရှင်းပြမယ်..
အခုတော့ အိပ်ယာကထတော့..."

My Dear Professor <ပါမောက္ခလေး ကျတော့်ချစ်သူ>Where stories live. Discover now