ကျတော့်ရဲ့အရည်အချင်း

3.1K 402 34
                                    

လွန်း ကိုကို့ အကြောင်းကို ကြားလိုက်ရချိန်မှာတော့
ဘာကြောင့် ကိုကိုက မျိုသိပ်တတ်တဲ့သူတစ်ယောက် ဖြစ်လာလဲဆိုတာ သူလုံးဝ နားလည်လိုက်သည်။

ကိုကို ဒီအတောအတွင်း မကျေနပ်ချက်တွေ ဘယ်လိုများမျိုသိပ်ပြီး နေထိုင်ခဲ့သလဲ??

တစ်ကယ်ဆို သူက မျိုသိပ်ခြင်းကို သိပ်နားမလည်ခဲ့သူပါ.
သူက မိဘတွေအတွက် တစ်ဦးတည်းသောသားဖြစ်သလို မိဘဆွေမျိုးတွေကြားထဲက အချစ်တွေကြားမှာ ကြီးပျင်းလာခဲ့သူ..
ဒါကြောင့် တစ်ယောက်ယောက်ကို ငဲ့ညှာရတာမျိုးတွေ မျိုသိပ်ရတာမျိုးတွေ နားလည်ပေးရတာမျိုးတွေ နားမလည်ခဲ့ဖူး..

သို့သော် ကိုကို့အကြောင်းကို နားထောင်ပြီးချိန်မှာ သူတစ်ခုခုကို နားလည်ခဲ့သည်

ထိုအရာက ကိုကို့ကို သူ့အချစ်တွေနဲ့ ပတ်သတ်ပြီး သိမ်ငယ်ခြင်းတွေကို မခံစားစေရဖူး..
သူ ကိုကို့ ကို ကာကွယ်ပေးချင်တယ်

"ကျတော်က ကိုကို့ အိမ်ဆိုရင် အမြဲ ကျတော့်ဆီမှာ ကိုကို နွေးထွေစွာနဲ့  နေနိုင်တယ်
ကျတော်အမြဲ ကိုကို့ ကို ကြိုဆိုနေမယ်"

ခေတ် လွန်း နှာခေါင်းလေးကို တို့ထိလိုက်သည်။

"ကောင်းပြီ! ကိုကို မင်းအနားမှာဘဲနေမယ်"

လွန်းက ကိုကို့ကို သွားချွန်လေးတွေ ပေါ်အောင် ပြုံးပြတော့ ကိုကိုကလည်း ပြန်ပြုံးနေရင်း လွန်း နှုတ်ခမ်းတွေကို နမ်းလိုက်သည်။

"အဟမ်း! "

အနောက်က ထွက်လာသော အသံကြောင့် နှစ်ယောက်သားမြန်မြန် လူချင်းခွာလိုက်သည်။

ရှင်းသန့် နဲ့ ခန့်ညား ရယ်ပါ..

နှစ်ယောက်လုံး ဆူပုတ်နေကာ

"ဆရာဘုဏ်း ဌာနမှုးရှာနေတယ်"

"အိုခေ! ကျေးဇူး!"

ကိုကို ထွက်သွားတာနဲ့ ရှင်းသန့်က လွန်းဆီပြေးသွားကာ

"ဘာတွေဖြစ်နေတာလဲ ပြောစမ်း!
ဆရာက အိမ်ထောင်ရှိနေတာကို မင်း မဟုတ်မှ"

"မဟုတ်ဖူး..သူတို့ ကွာရှင်းပြီးပြီ"

လွန်းက ပိတ်ကာ ပြောလိုက်တော့ ရှင်းသန့်ကပင်

My Dear Professor <ပါမောက္ခလေး ကျတော့်ချစ်သူ>Where stories live. Discover now