ကိုယ့်ကို စောင့်နေ

3.5K 432 11
                                    

လွန်းတို့ကံဆိုးစွာ ရေထဲပြုတ်ကျတာကနေ အပူရှပ်ပြီး ဖျားတော့သည်

ဖျားတာမှ တိုက်ဖိုက် ဖြစ်သွားတာမို့ ၂လနီးနီးလောက် အိမ်တွင်းအောင်းရတော့သည်

လုံးဝအဖျားပျောက်မှ မတွေ့တာကြာလို့ အရမ်းတွေ့ချင်နေပြီဖြစ်သော ကိုကို့မျက်နှာကို မြင်ချင်စိတ်ဖြင့် တစ်ယောက်တည်း ထွက်လာခဲ့လိုက်သည်

စာမေးပွဲကြီးကလည်း ၂လလောက်သာ လိုတော့တာမို့  ချစ်သောကလည်း ခေါ်မရတော့ဖူးလေ...

"အမ ရှမ်းမ !"

အိမ်ရှေ့မှာ ဖိုးခွားလေးနဲ့ ဆော့နေသော မရှမ်းမကို လွန်း နှုတ်ဆက်လိုက်တော့ မရှမ်းမက ဝမ်းသာအားရပင်

"ဘယ်တွေသွားနေတာလဲ လွန်းရယ်..ပျောက်နေလိုက်တာ"

"ကျတော် တိုက်ဖိုက်ဖြစ်နေလို့... "

"ဟုတ်လား?? အခုကော လုံးဝသက်သာသွားပြီမဟုတ်လား??"

"ဟုတ် သက်သာသွားပြီ"

လွန်းက မရှမ်းမကိုဖြေလိုက်ရင်း ကိုကို့ အခန်းဘက်ကို လှည့်ကြည့်လိုက်တော့ မရှမ်းမက

"လွန်းကို အာ့တာပြောမလို့! ဆရာလေးမရှိတော့ဖူး...
ပြန်သွားပြီ"

"ပြန်သွားပြီ! ဘာလို့လဲ??"

လွန်းထိတ်လန့်စွာ ဆိုလေတော့ မရှမ်းမက မျက်နှာမကောင်းစွာ

"လွန်ခဲ့တဲ့ နှစ်ပတ်လောက်ကဘဲ... ကားတစ်စီးနဲ့ လူကြီးတွေ လာခေါ်သွားတာ...
သူတို့ထဲမှာ အမျိုးသမီးတစ်ယောက်ပါလာသေးတယ်
လူကြီးတွေနဲ့ ဆရာလေးက စကားပြောနေကြတော့ အမျိုးသမီးက အပြင်မှာ လမ်းလျှောက်နေတာလေ
အာ့တာနဲ့ အမလည်းစပ်စုပြီးမေးကြည့်တော့ သူတို့က ဆရာလေးကို လက်ထပ်ဖို့ လာခေါ်တာတဲ့"

ရုတ်တရတ် မိုးကြိုးအပစ်ခံလိုက်ရသလိုပင်။

"လက်ထပ်ဖို့??"

"ဒါပေမယ့် လွန်း အမ တစ်ခုပြောပြမယ်!
ဆရာလေးကလည်း မောင်လေးအပေါ်မှာ ခံစားချက်ရှိနေတယ်ထင်တယ်
ပြန်ခါနီးနေ့တုန်းက အမဆီ လာသွားသေးတယ်
အယ် နေဦး စာတစ်စောင်ပေးသွားတာ.. အမသိမ်းထားသေးတယ်"

My Dear Professor <ပါမောက္ခလေး ကျတော့်ချစ်သူ>Where stories live. Discover now