အတိတ်

3.1K 390 33
                                    

လွန်ခဲ့တဲ့ ၈နှစ်>>>>

ခေတ် ကျောင်းက ပြန်ရောက်လာလာချင်း အဆောင်ရှေ့မှာ ရပ်နေသော ကားကြောင့် မျက်မှောင်ကြုတ်လိုက်မိသည်။

သူဝင်လာတာနဲ့ ကားပေါ်ကနေအဖေနဲ့  ဦးလေးက မျက်နှာမကောင်းစွာ ဆင်းလာခဲ့သည်။

"ပြန်လာပြီလား သားခေတ်"

"ဟုတ်! အဖေတို့ ဘဲလား?? အမေကော"

ဦးလေးက မျက်နှာမကောင်းစွာဖြင့်

"ဦးလေးနဲ့ မင်းအဖေ ပြောစရာရှိလို့"
"မင်း အကိုကြီး ဆုံးပြီ"
ခေတ်ရင်ထဲ ထိတ်လန့်သွားခဲ့သည်။

"တောင်ပေါ်မှာ ဆေးသွားကုရင်း မတော်တဆမှု့ ကြုံခဲ့တာ"
ခေတ်က အဖေ့ကို ကြည့်လိုက်တော့ အဖေက အဝေးတစ်နေရာကိုသာ ကြည့်နေပြီး အံကိုကြိတ်ထားခဲ့သည်။

"ဒါဆို ဘာလုပ်နေတာလဲ?? ကျတော်တို့ အမြန်လိုက်သွားရမယ်လေ"

"နေဦး! ဦးလေးတို့ မင်းကိုပြောစရာရှိလို့ မင်းဆီလာခဲ့တာ..
အိမ်ရောက်မှ ပြောတာထက် မင်းကို အရင်ပြောထားတာ ပိုကောင်းမယ် ထင်လို့"

ခေတ်က ဦးလေးစကားကို ဘာမှမတုန့်ုပြန်ဘဲ နားထောင်နေလိုက်သည်။

ဦးလေးက ပြောရခတ်နေဟန်ဖြင့် မျက်ခုံးကို ကုတ်ခြစ်နေခဲ့ကာ

"အခု သံသာ မှာ ကိုယ်ဝန် ရှိနေပြီ"

ပြောပြီး ခေတ်ကို အကဲခတ်သလို တစ်ချက်ကြည့်လိုက်ပြီးမှ

"သူ့ ကိုယ်ဝန်ကို မင်းကို တာဝန်ယူစေချင်တယ်"

"ဘာ! "

ခေတ်က မယုံနိုင်စွာ ဦးလေးဖြစ်သူကိုကြည့်လိုက်ပြီး သူ့အဖေကို လှမ်းကြည့်လိုက်သည်။

"မင်းသိပါတယ်...ဒီကလေးက အရေးကြီးတယ်လေ..
ဒါကြောင့် မင်းမိဘတွေက ဒီကလေးကို အခြားလူတွေလက်ထဲမရောက်စေချင်ဖူး"

*ကျန်ခဲ့တဲ့တစ်ဦးတည်းသော သူတို့ရဲ့ သွေးသားအရင်းမို့လား??*

သူ့အဖေက  သူ့ကို ကျောခိုင်းထားပြီး တစ်ချက်မှ ဝင်မပြောခဲ့။

သူ သဘောပေါက်လိုက်ပြီ။

"အကယ်လို့ အကိုကြီးနေရာမှာ ကျတော် ဖြစ်ပြီး ကျတော့်နေရာမှာ အကိုကြီးဆိုရင်ကော အဖေ ဒီလိုလုပ်မှာလား??
အကယ်၍များ ကျတော်က သားအရင်းဆို အဖေ ဒီလို လုပ်မှာလား?""

My Dear Professor <ပါမောက္ခလေး ကျတော့်ချစ်သူ>Where stories live. Discover now