အပိုင်း _ ၁၈

242 33 8
                                    

' P ' Sing .... ´

အမြင်​အာရုံ​တွေ​မှောင်​မိုက်​​နေတဲ့အချိန်​မှာ သတိဝင်​လာလာချင်း တ လိုက်​မိတဲ့သူက P' Sing .....

Kit ဘယ်​ကို​ရောက်​​နေတာလဲ .... လက်​​တွေကိုတင်း
ကျပ်​စွာချည်​​နှောင်​ခြင်းခံထားရသလို ​ခြေ​ထောက်​​တွေဟာ
လဲ လွတ်​လပ်​မ​နေခဲ့ Kit ​ခေါင်း​ပေါ်မှာ အနက်​​ရောင်​အိတ်​တစ်​ခုကို စွပ်​ထားပုံရတာ​ကြောင့်​လားမသိ Kit အ​မှောင်​ထု ကလွဲ၍ ဘာကိုမှမမြင်​ ....

ဒါ ဘယ်​​နေရာလဲ ....

ဘယ်​သူက ဒီလိုချုပ်​​နှောင်​ထားတာလဲ .....

ဘာ​ကြောင့်​လဲ ....

P' Sing ဘယ်​မှာလဲ ......

Kit ​ခေါင်းထဲမှာ အ​တွေး​တွေများလာသလို ​ခေါင်းအ
နောက်​ဘက်​တစ်​​နေရာက နာကျင်​ကာ မူး​ဝေ​နေတာမို့
ခေါင်းကို ခါရမ်းပစ်​လိုက်​ကာ အရင်​ဆုံး Kit ဘာဖြစ်​ခဲ့
သလဲ အရင်​ စဉ်းစားလိုက်​မိသည်​ ......

•••••••••••••••••••••••••••••••••••••••••••••••••••••

ဖူး !

နားထဲကို ​လေတစ်​ချို့ မှုတ်​လိုက်​တဲ့အတွက်​ Kit ​ယောင်​ရမ်းကာ ထထိုင်လိုက်​မိတဲ့အထိ ....

' ဟက်​ ...  ´

' ဘာ ရယ်​တာလဲ .... ´

နှစ်​ခြိုက်​စွာအိပ်​​ပျော်​​နေတဲ့သူကို စ​နောက်​နှိုးရင်း သ​ဘောကျစွာရယ်​​နေတဲ့ P' Sing ကို Kit ဘုကြည့်​ကြည့်​ပြီး ရန်
စကား​ပြောလိုက်​မိတာ မှားသွားသည်​ .....

P ' Sing အကြည့်​​တွေ ဖြတ်​ ကနဲအ​ရောင်​​တောက်​လာပြီး Kit ကို တွန်းလှဲကာ အ​ပေါ်က​နေအုပ်​မိုးလိုက်​တာ
ကြောင့်​ အလန့်​တကြားပြန်​ထဖို့လုပ်​လိုက်​​တော့ သူ​နောက်
ကျသွားခဲ့ပြီ .....

P'Sing ကို သူဘယ်​လိုမှ တွန်းလှန်​လို့မရနိုင်​တာမို့ စိတ်
မရှည်​စွာ ပြန်​လှဲချပြီး မ​ကျေနပ်​သလို မျက်​လုံးလှန်​ကာ ရန်​​စောင်​ကြည့်​လိုက်​​တော့ P'Sing က ဘာတတ်​နိုင်
သေးလဲ ဆိုတဲ့သ​ဘောနဲ့ မျက်​ခုံးထူထူ​တွေကို ပင့်​ပြရင်း
Kit နဖူး​လေးကို နှုတ်​ခမ်းပါးတို့နဲ့ ခပ်​ဖွဖွ တို့ထိလာတာ
မို့ Kit မျက်​လုံး​လေးကို မှိတ်​ထားလိုက်​မိသည်​ .....

ချစ်ခဲ့ဖူးသည် ( Completed )Where stories live. Discover now