အပိုင်း - ၁

847 70 4
                                    


ခရီး​ဆောင်​​သေတ္တာကိုဆွဲပြီးသုံးဘီးသမားဦး​လေးကြီးညွှန်​ပြခဲ့တဲ့လမ်း​လေးအတိုင်းKristဆင်းလာခဲ့လိုက်​သည်​။မြို့အစွန်​ဘက်​အပိုင်းဖြစ်​တာ​ကြောင့်​လမ်းတစ်​ဖက်​တစ်
ချက်​စီမှာသစ်ပင်​​တွေရှိ​နေတာ​ကြောင့်​အတန်​ငယ်​အ​မှောင်​ရိပ်​သန်း​နေသလိုမိုးစက်​​လေး​တွေကလဲတဖွဲဖွဲကျလာခဲ့ပြီမို့​ခြေလှမ်း​တွေခပ်​သွက်​သွက်​နှင်​ခဲ့လိုက်​ရ​တော့သည်​။

ဒုန်း !!!!

လင်းကနဲလက်​သွားတဲ့လျှပ်​​ရောင်​​နောက်​မှာကျယ်​​လောင်​တဲ့မိုးခြိမ်းသံတစ်​ခုကကပ်​ပါလာသလိုတဖွဲဖွဲကျ​နေတဲ့မိုး
စက်​​တွေဟာလဲအား​ကောင်းစွာတရစပ်​ကျလာခဲ့ချိန်​မှာ
Krist တသ်​​ယောက်​ခြံကြီးတစ်​ခု​ရှေ့မှာ​ခြေချလိုက်​မိ
သည်​။

ကျွီ !!!

ခပ်​ဖြည်းဖြည်းတွန်းဖွင့်​လိုက်​ရုံနဲ့ ​ကျွီ ကနဲ​အော်​မြည်​ရင်းပွင့်​သွားတဲ့ခြံဝန်းတခါးမှတစ်​ဆင့်​အိမ်​ကြီးဆီကိုခပ်​သွက်​သွက်
ပြေးဝင်​လာခဲ့လိုက်​ရင်းဘာင်းဘီအိတ်​ထဲကအိမ်​​သော့ကိုထုတ်​ယူပြီးတံခါးမကြီးက​သော့ခ​လောက်​ကြီးကိုဖွင့်​ကာ
အိမ်​ထဲကိုအ​လောတကြီး​ပြေးဝင်​ခဲ့ပြီးမှအလင်း​ရောင်​မရှိတာကိုသတိရပြီး​ဖုန်း​လေးကိုထုတ်​ကာမီးဖွင့်​လိုက်​ရင်းအိမ်​ကြီးထဲကိုလှည့်​ပတ်​ကြည့်​မိသည်​။

ဒီအ​မှောင်​ကျ​နေတဲ့သစ်​သားအိမ်​ကြီးရဲ့သက်​တမ်းက မား ​ပြောတဲ့စကားအရဆို Krist ​ဖေ​ဖေ မ​မွေးခင်​က
တည်းကရှိခဲ့သည်​ဆို​တော့ကာလအ​တော်​ကြာခဲ့ပြီဖြစ်​​ပေ
မယ့်​လဲအိမ်​ကြီးထဲမှာရှိတဲ့ ပရိ​ဘောဂ​တွေနဲ့​ရေမီးအ​ခြေအ​နေက​တော့ပြန်​လည်​ပြုပြင်​မှုများ​ကြောင့်​အဆင်​​ပြေ​နေတာကို​ကျေးဇူးတင်​ရ​လိမ့်​မည်​​။

တစ်​အိမ်​လုံးရှင်းလင်း​တောက်​​ပြောင်​​နေသည့်​အပြင်​စားပွဲ
ပေါ်မှာပါပူပူ​နွေး​နွေးစားစရာ​တွေပြင်​ဆင်​ထား​သေးတာ​ကြောင့်​Kristလာမည့်​အချိန်​ကို နယ်​ခံအလုပ်​သမား​တွေ
ဆီ မား ကြို​ပြောကာပြင်​ဆင်​ခိုင်းထားခြင်းဖြစ်​လိမ့်​မည်​ဟု
ု​တွေးမိကာပြုံးလိုက်​မိသည်​။

ချစ်ခဲ့ဖူးသည် ( Completed )Where stories live. Discover now