အပိုင်း - ၈

298 54 6
                                    

' သား ... ´

နားစည်​ထဲကိုရိုက်​ခတ်​လာတဲ့ မား ရဲ့အသံကိုကြား​တော့
Krist နှလုံးသားရဲ့ဟိုးအတွင်းထဲကလှိုက်​ကနဲတက်​လာ
တဲ့ဝမ်းနည်းမှုတစ်​ခုနဲ့အတူ ​မျှော်​လင့်​တကြီး​မော့ကြည့်
လိုက်​မိသည်​ ...

Krist နားကြားမမှားခဲ့ပါ ...

တကယ်​ပဲအိမ်​တံခါးဝမှာရပ်​ပြီး Krist ကိုချိုသာစွာပြုံးပြ
နေတဲ့ မား ...

' သား ... အဆင်​​ပြေရဲ့လား ... အရမ်းပိန်​သွားသလိုပဲ . ´

အနားကို​လျှောက်​လာရင်းမျက်​နှာတစ်​ခုလုံးကို​စေ့​စေ့စပ်​စပ်​ကြည့်​ရင်းစိုးရိတ်​တကြီး​ပြောရင်းအနားကို​လျှောက်​လာ
ကာ ဆိုဖာ​ပေါ်ဝင်​ထိုင်​လိုက်​​တော့မှ Krist ​မေးဖို့သတိရ
သည်​ ...

' မား ... ဘယ်​လို​ရောက်​လာတာလဲ ´

Krist အ​မေးကို​မ​ဖြေပဲ Krist ပါးနှစ်​ဖက်​ကိုခပ်​ဖွဖွပွတ်​သပ်​ရင်း ​အေးမြစွာပြုံးပြလိုက်​ပြီး ....

' မား ရဲ့သား​လေးကို သတိရလို့လာခဲ့ရတာ​ပေါ့ ... ´

မား ရဲ့​ချော့မြှူသလိုစကားသံကိုကြားရ​တော့ Krist ဘယ်
လိုမှထိန်းချုပ်​မထားနိုင်​ပဲ မား ကိုဖက်​ကာ မားရင်​ခွင်​ထဲမှာ
ခေါင်းဝှက်​ပြီး က​လေးတစ်​​ယောက်​လိုငိုချလိုက်​မိ​တော့
သည်​ ...

မားကနားလည်​စွာပင်​ဘာတစ်​ခုမှ​မေးခွန်းမထုတ်​ပဲ Krist
ကျောပြင်​​လေးကို ခပ်​ဖွဖွပွတ်​သပ်​​ပေးရင်းကြင်​နာစွာ
ထွေး​ပွေ့ထား​ပေးခဲ့​လေသည်​။

Krist ငိုပါရ​စေ....

Krist အရမ်းပင်​ပန်း​နေပြီ .....

Krist အရမ်း​ကြောက်​​နေပြီ ....

Krist အရမ်းစိုးရိမ်​​နေပြီ ....

သူ့ကိုမ​တွေ့ရလို့ Krist အရမ်းဝမ်းနည်း​နေပြီ...

သူ့ကို ​စောင့်​​နေရလို့ Krist အရမ်းပင်​ပန်း​နေပြီ ...

သူ့ကို  Krist ထပ်​ပြီးမ​တွေ့ရ​တော့မှာ ​ကြောက်​​နေပြီ ...

သူ Krist ဆီထပ်​မလာ​တော့မှာကို Krist စိုးရိမ်​​နေပြီ ...

ချစ်ခဲ့ဖူးသည် ( Completed )Where stories live. Discover now