အပိုင်း - ၉

292 54 6
                                    

အကျင့်​ပါ​နေတဲ့မျက်​လုံး​တွေကမနက်​​စော​စောနိုးလာ​တော့
Krist အမြင်​အာရုံ​တွေ​ဝေဝါး​နေခဲ့သည်​။ခန္ဓာကိုယ်​ကလဲ
အနည်းငယ်​ချမ်းစိတ့်​စိမ့်​ဖြစ်​​နေတာမို့​စောင်​ပိုင်း​လေးကိုယူ
ကာကိုယ်​​ပေါ်လွှမ်းတင်​လိုက်​ပြီးအိပ်​ခန်းထဲကထွက်​လာခဲ့
လိုက်​သည်​။

၁၀ရက်​ .....

Krist  P' Sing ကိုမ​တွေ့ရတာ ၁၀ ရက်​တိတိရှိခဲ့ပြီ...

ဘယ်​သူ့ကိုမှ​မေးလို့မရသလိုဘာအကျိုးအ​ကြောင်းမှလဲမ
သိရခဲ့ပဲအ​ကြောင်းပြချက်​မရှိ​ပျောက်​ဆုံးသွားတဲ့P' Sing
ကို နှုတ်​မဆက်​ပဲထွက်​သွားရ​ကောင်းလား စိတ်​ဆိုးနိုင်​ရင်
ဘယ်​​လောက်​​ကောင်းလိုက်​မလဲ .....

အခု​တော့အချိန်​ပြည့်​Kristစိတ်​ထဲရှိ​နေသည်​က P'Sing
ဘာ​ကြောင့်​နှုတ်​မဆက်​ပဲထွက်​သွားရတာလဲ ....

P' Sing တစ်​ခုခုများဖြစ်​​နေတာလား ....

စိုးရိမ်​ပူပန်​မှုတို့သာပိုတိုးလာတာ​ကြောင့်​​နေရတာအဆင်​မ​ပြေလှ... တစ်​ခါတစ်​​လေမှာ​တော့ P'Sing တစ်
ယောက်​ Krist အနီးအနားမှာပဲရှိ​နေပြီး Krist မ​တွေ့
အောင်​တမင်​​ရှောင်​​နေသလားဟုပင်​​တွေးမိသည်​....

Krist အဖြစ်​ကအရူးတစ်​​ယောက်​နဲ့တူ​နေပြီလားပင်​မသိ..
မဟုတ်​ဘူး Krist ရူး​နေတာဖြစ်​​ကောင်းဖြစ်​လိမ့်​မည်​...
Krist ကို P'Sing တစ်​​နေရာရာက​စောင့်​ကြည့်​​နေသလို
လဲမကြာခဏခံစားရဖူးသည်​.....

တစ်​ခါတစ်​ရံမထင်​မှတ်​ထားပဲအလွတ်​ကျက်​မိ​နေသည့်
P' Sing ကိုယ်​သင်းရနံ့မျိုးပင်​ရလာတတ်​သလို ဖြစ်​တတ်​​သေးသည်​ ...

မနက်​​စော​စော​တွေနဲ့ ည​နေ​မှောင်​စပျိုးအချိန်​​တွေမှာ Krist ​နေ့ရက်​တိုင်းလိုလို P' Sing နဲ့သွားဖူးတဲ့​နေရာအနှံ့​လျှောက်​သွား​နေခဲ့ဖူးသည်​.....

မျက်​လုံး​တွေကအရိပ်​တစ်​ခုခုကိုရှာ​ဖွေရင်း​ပေါ့ ....

Krist ရဲ့ ခံစားချက်​​တွေအခုထက်​ပိုပြီးကြီးထွားမလာခင်
ရပ်​တန့်​လိုက်​သင့်​ပြီလား Krist မ​တွေးတတ်​ပါ ....

ချစ်ခဲ့ဖူးသည် ( Completed )Where stories live. Discover now