အပိုင်း - ၆

277 57 2
                                    

ရင်​ဘတ်​ထဲမှာတင်းကျပ်​​နေပြီးလည်​ပင်းမှာတစ်​စုံတစ်​ခုနင်
နေသလိုခံစား​နေရသည်​။နှာ​ခေါင်းထဲမှာလဲအမျိုးအမည်​မသိ​သောပန်းတစ်​မျိုးရဲ့အနံ့ပြင်းပြင်းကိုရ​နေတာမို့​ခေါင်း
တစ်​ခုလုံးချာချာလည်​မူး​နောက်​ရီ​ဝေ​နေသည်​။

အား .... တစ်​​ယောက်​​ယောက်​ Krist ကိုကယ်​ပါဦး ....
မား .... ပါး ...... Krist အသက်​ရှူလို့မဝ​တော့ဘူး...
Krist ​သေရ​တော့မှာလား.... အား နာလိုက်​တာ....

မချိမဆံ့ညည်းညူသံကKrist နှုတ်​ဖျားကထွက်​ကျမလာခဲ့
ပါးစပ်​မှာအာ​စေးမိထားသူလိုအသံတစ်​ချက်​ပင်​ထွက်​မလာ
တာက​တော့ထူးဆန်းလွန်း​နေပြီ....

ဒါကအိမ်​မက်​တစ်​ခုလား...Krist ​လေးလံ​နေတဲ့မျက်​လုံး​တွေကိုအတင်းအားယူဖွင့်​လိုက်​​တော့....

' Krist .... Krist မင်းအဆင်​​ပြေရဲ့လား... ကိုယ်​​ခေါ်
နေတာကြာပြီ... ´

စိုးရိမ်​တကြီး ... ဒီလိုမျက်​နှာထားမျိုးကိုစိုးရိမ်​တကြီးလို့​သတ်​မှတ်​လို့ရမလား ...

အမြဲတမ်းအကြည့်​​တွေ​အေးစက်​​နေတဲ့မျက်​လုံး​တွေထဲမှာအနည်းငယ်​ထိတ်​လန့်​ဟန်​စွက်​​နေတာမျိုး ...

စကားကိုခပ်​​အေး​အေးသာတစ်​လုံးချင်း​ပြောတတ်​တဲ့နှုတ်
ခမ်း​တွေကိုမကြာခဏလျှာနဲ့သပ်​ပြီးစိတ်​လှုပ်​ရှား​နေတဲ့
ဟန်​မျိုး ....

မျက်​နှာတစ်​ခုတည်း​ပေမယ့်​အရင်​ပုံနဲ့လုံးဝကွဲထွက်​​နေတဲ့
ထူးဆန်းတဲ့မျက်​နှာထား​ကြောင့်​တခြားလူတစ်​​ယောက်​များလားဟုပင်​Kristခံစားလိုက်​မိသည်​အထိ...

' ကိုယ်​ကမင်းကိုစိတ်​ပူ​နေတာ... မင်းက​တော့တခြားလူ
နဲ့​တောင်​မှားချင်​​သေးတာလား ....´

ချက်​ချင်းဆိုသလိုဟန်​မ​ဆောင်​နိုင်​​အောင်​ပျက်​ယွင်းသွားတဲ့မျက်​နှာနဲ့အနည်းငယ်​စိတ်​မ​ကောင်းဟန်​​​​​ဖြင့့်ခပ်​တိုးတိုး
စကားဆိုရင်းသူထထွက်​သွားဖို့ပြင်​လိုက်​​တော့ Krist ရုတ်​တရက်​သူ့လက်​ကိုလှမ်းဆွဲထားလိုက်​မိသည်​။

ချစ်ခဲ့ဖူးသည် ( Completed )Where stories live. Discover now