အပိုင်း _ ၁၉

236 30 4
                                    

' ခင်​ဗျားတို့ ဘယ်​သူ​တွေလဲ ... ဘာလို့ ကျွန်​​တော့်​ကိုဖမ်း
ထားတာလဲ .... လွှတ်​စမ်း ..... အခုလွှတ်​ '

Krist ​ဒေါသတကြီး​အော်​ဟစ်​ရင်း ​နောက်​ပြန်​ကြိုးတုပ်​ခံ
ထားရတဲ့လက်​နှစ်​ဖက်​ကို ရုန်းကန်​​နေတာ​ကြောင့်​ ​နာကျင်
မှုနဲ့အတူ ​စေးကပ်​ကပ်​​သွေးစတို့က လက်​ဖဝါး​တွေဆီ စီးဆင်းလာခဲ့သည်​။

ကျွီ !!!

တံခါးကို ဆွဲဖွင့်​လိုက်​တဲ့အသံရဲ့​နောက်​မှာ လူ ၂​ယောက်​ထက်​မနည်းတဲ့​ခြေသံ​တွေ ....

မလှမ်းမကမ်းမှာ ​ခြေသံ​တွေရပ်​သွား​တော့ Krist ငြိမ်​သက်​ပြီး နားစွင့်​​နေလိုက်​သည်​။ တစ်​ဖက်​လူက လိုချင်​တာ
တစ်​ခုခုရှိ​နေလို့သာ ဒီလိုဖမ်းထားတာဖြစ်​နိုင်​တာကို ရုတ်
တရက်​​တွေးလိုက်​မိတာ​ကြောင့်​ပါ ....

တကယ်​ဆို Krist ကို ဒုက္ခ​ပေးချင်​တာ သတ်​ချင်​တာဆို
ရင်​ အခုလိုဖမ်းထားစရာမှမလိုတာပဲ ....

ဒါ​ပေမယ့်​ သူက ဘာကိုလိုချင်​တာလဲ .........

' Sawatdii Krup ...... Khun Perawat ..... '

' ခင်​ဗျား ဘယ်​သူလဲ '

စိမ်းသက်​​နေတဲ့အသံမဟုတ်​သလို ရင်းနှီး​နေတဲ့အသံလဲမဟုတ်​တာ​ကြောင့်​ Krist ဇ​ဝေဇဝါ ​မေးမိ​တော့ တစ်​ဖက်​လူဆီက ရယ်​သံတိုးသဲ့သဲ့ထွက်​လာခဲ့ပြီး .....

' မ​တွေ့ရတာ လပိုင်း​လေးမှာ ဒီ​လောက်​​တောင်​မြန်​မြန်
ကျွန်​​တော့်​ကို​မေ့သွားတယ်​ဆို​တော့ ..... စိတ်​​တောင်​မ
ကောင်းဘူး .. ဘယ်​လိုလဲ ဒီရက်​​တွေထဲမှာ အဆင်​​ပြေ
နေရဲ့လား ..... '

' Khun Pom ? '

' အိုး မင်းသိပ်​ဥာဏ်​​ကောင်းတာပဲ Krist Perawat '

Krist နှုတ်​ဆိတ်​သွားမိသည်​။ သူ​မျှော်​လင့်​ထားတဲ့နည်း
လမ်းမဟုတ်​​ပေမယ့်​ သူ​မျှော်​လင့်​ထားသလိုပဲ ဒီလူကြီး
က မ​ကောင်းတဲ့လမ်းက​နေ Perawat ခြံကိုရယူဖို့ကြိုး
စား​နေတာ အမှန်​ပဲ .....

ဒါဆိုရင်​ P'Sing ကို ဒုက္ခ​ပေးခဲ့တာ​ရော တကယ်​ပဲ သူ
စီစဉ်​ခဲ့တာလား .....

ချစ်ခဲ့ဖူးသည် ( Completed )Where stories live. Discover now