ဇာတ်သိမ်းပိုင်း

327 28 11
                                    

အာ!

အဖြူရောင်မျက်နှာကျက်တွေနဲ့ အရက်ပြန်နံ့ပြင်းပြင်းကြောင့် သူရောက်နေတဲ့နေရာဟာဆေးရုံတစ်ခုဆိုတာ ဘယ်သူမှရှင်းပြစရာမလိုအောင် သိနှင့်နေခဲ့ပြီမို့ လှဲနေရာက
ထဖို့ အားယူလိုက်တော့ ခေါင်းထဲကမိုက်ကနဲ နာကျင်မှုကြောင့် ရုတ်တရက်လက်နဲ့စမ်း
လိုက်တော့ ပတ်တီးစည်းထားရသည်မို့ အနည်းငယ်အံ့သြသွားရသည်။

Krist ဘာတြွေဖစ်ခဲ့တာလဲ......

ခန္ဓာကိုယ်မှာလဲ နာကျင်ကိုက်ခဲရုံမှအပ သေနတ်ဒဏ်ရာလို ပြင်းထန်တဲ့ဒဏ်ရာမျိုး
မရှိသလိုနာကျင်မှုလဲ မခံစားရပါ။

သေနတ်မထိခဲ့ဘူးလား.....

ဒါဆို Khun Pom ရော......

Krist ဆေးရုံကိုဘယ်လိုရောက်လာခဲ့တာလဲ.......

ပြီးတော့......

' P' Sing.....'

ဟုတ်တယ် P'Sing ဘယ်မှာလဲ ဘာကြောင့်မတွေ့ရတာလဲ....

ရုတ်တရက် တစ်စုံတစ်ခုကိုတွေးလိုက်မိတာ
ကြောင့် လက်မှာဆေးသွင်းထားတဲ့ပိုက်တွေ
ကိုဆွဲဖြုတ်ပစ်လိုက်ချိန်မှာပဲ......

' သား.....'

' Ai Krist မင်းဘာလုပ်နေတာလဲ ရူးနေတာလား....  '

အခန်းတံခါးကိုဖွင့်ပြီးဝင်လာတဲ့ မား နဲ့ Ai Joe ပြီးတော့ Kla....

Joe ရဲ့ ဆူပူသံနဲ့ မားရဲ့သိုးရိတ်ပူပန်နေတဲ့
ပုံစံကိုမြင်တော့မှ Krist ခဏတာငြိမ်သက်သွားပြီး ကုတင်ပေါ်ပြန်ထိုင်ချလိုက်ရင်း.....

' Krist ဘယ်လိုလုပ်ပြီးတော့ ဆေးရုံကို
ရောက်လာခဲတာလဲ မား '

' မင်းကို ငါတို့ရှာမတွေ့လို့ ရဲစခန်းကိုအကြောင်းကြားခဲ့တယ်လေ.... မင်းကို
လူတစ်ချို့က ကားပေါ်တင်ပြီးခေါ် သွားတာကို သုံးဘီးမောင်းတဲ့ ဉီးလေးကြီးကမြင်ပြီး
ငါတို့ခြံကိုလာပြောပြခဲ့တာ အဲ့ဒီကားနံပါတ်နောက်ကို ခြေရာခံလိုက်ရင်း Khun Pom
ရဲ့ ကားမှန်းသိလာပြီး မင်းကိုဝှက်ထားတဲ့နေရာကိုရှာနေတုန်းမှာ သေနတ်သံကြားတော့ ဂိုထောင်ဘက်ဆီပြေးလာခဲ့ရင်း တွေ့တာပဲ....'

' Khun Pom ကိုရော ဖမ်းမိလား.....'

' မိတာပေါ့.....အဲ့ဒီနေရာမှာပဲလေ အခု
ရဲစခန်းမှာထိမ်းသိမ်းခံထားရတယ်..... '

ချစ်ခဲ့ဖူးသည် ( Completed )Nơi câu chuyện tồn tại. Hãy khám phá bây giờ