အပိုင်း - ၅

306 57 2
                                    

Zawgyi

Krist ​ရေးလက်​စ​စာမူကိုလက်​စသတ်​လိုက်​ပြီးLaptop
ကိုပိတ်​ကာခါးဆန့်​လိုက်​ရင်း​ဘေးကိုကြည့်​လိုက်​​တော့..
ဖျတ်​ကနဲပြုံးလိုက်​မိသည်​...။

ကြည့်​ပါဦးစားပွဲ​ပေါ်မှာလက်ကို​ခေါင်းအုံးပြီးအိပ်​​ပျော်​​နေတဲ့
သူက အခုကျ​တော့က​လေးတစ်​​ယောက်​နဲ့တူ​နေပြန်​​ရော..
အမြဲတမ်းစကားကိုသာဘုကျကျမ​ပြောရင်​တကယ်​ကို
သ​ဘော​ကောင်းတဲ့လူတစ်​​ယောက်​လိုပဲ​နေမှာ...

နယ်​ဘက်​မှာ​နေတာ​ကြောင့်​လားသူ့ရဲ့ပင်​ကိုအသားအ
ရောင်​​ကိုကKristတို့နဲ့မတူတာလားမသိအနည်းငယ်​ညို
ရောင်​သန်း​နေတဲ့အတွက်​မီး​ရောင်​အောက်​မှာထိုင်​​ငေးချင်​စရာ​ကောင်း​အောင်​ဆွဲ​​ဆောင်​​နေသလိုလို.....

ခပ်​ရှည်​ရှည်​မျက်​နှာကျနဲ့မျက်​ခုံးထူထူတို့ကပိုလို့​ယောကျာ်း
ပီသ​စေသည်​။မျက်​​တောင်​ရှည်​​စင်းစင်း​တွေ​အောက်​က​မှေးမှိတ်​ထားတဲ့မျက်​လုံးထဲကိုမမြင်​နိုင်​​ပေမယ့်​အမြဲလိုလိုအ
ရောင်​တစ်​မျိုး​တောက်​ကာမသိမသာညှိုးငယ်​​နေတတ်​တာ
ကိုလဲKristသတိထားမိသည်​။

တကယ်​​တော့အ​ပေါင်းအသင်းမင်​တတ်​တဲ့Kristအတွက်
အခုလိုအိမ်​နဲ့​ဝေးရာ မားနဲ့​ဝေးရာပြီး​တော့သူငယ်​ချင်း​တွေ
နဲ့​ဝေးရာမှာစကား​ပြော​ဖော်​တစ်​​ယောက်​​​လောက်​သာရှိမ
နေခဲ့ရင်​တကယ်​ကိုပျင်းဖို့​ကောင်းမှာပဲ ......

ဒီလူ့ကန့်​လန့်​ဟာစကား​ပြောရအချိုးမ​ပြေတာ​လေးတစ်​ခု
ကလွဲရင်​Kristအတွက်​စား​ရေး​သောက်​​ရေးကအစပြည့်​စုံ
အကွက်​​စေ့​အောင်​စီမံ​ပေးတတ်​တာကိုKristသိထားပြီးသားပါ....။

' အင်​ ... မင်းအလုပ်​ပြီးပြီလား ´

အိပ်​​ရေးမဝတဲ့ဟန်​နဲ့နိုးလာလာချင်း​​မေးလိုက်​ပြီးခန္ဓာကိုယ်
ကိုတစ်​ချက်​အ​ကြောဆန့်​ကာ အိမ်​အပြင်​ဘက်​ကိုလှမ်း
ကြည့်​လိုက်​ရင်း ....

' မိုး​တောင်​ချုပ်​​နေပြီပဲ ... မင်းဗိုက်​ဆာ​နေပြီလား ခဏပဲ
စောင့်​​နော်​ ကိုယ်​စားဖို့တစ်​ခုခုသွားချက်​လိုက်​မယ်​ ... ´

ချစ်ခဲ့ဖူးသည် ( Completed )Donde viven las historias. Descúbrelo ahora