အပိုင်း - ၁၁

297 60 10
                                    

Khn Perawat တစ်​​ယောက်​အိမ်​ကြီးမှာရှိတဲ့မိသားစုအားလုံးနဲ့အ​စေခံ​တွေကိုတစ်​​ယောက်​မကျန်​လာခဲ့ဖို့အမိန့်​​ပေးထားတာ​ကြောင့်​အိမ်​ကြီးအ​ရှေ့မှာလူစုံ​နေခဲ့သည်​...

အ​စေခံ​တွေသာမကမိသားစုဝင်​​တွေက​ပင်​ဘာအ​ကြောင်း
ကြောင့်​အ​လောတကြီးအ​ခေါ်ရှိရလဲမသိကြ​ပဲမကြာခင်​သိရ
မယ့်​အ​ကြောင်းအရာကိုစိတ်​လှုပ်​ရှားကာလှုပ်​လှုပ်​ရှားရှား
ဖြစ်​​နေကြသည်​...

' အဟမ်း .... ´

ချောင်းဟန့်​သံနဲ့အတူအ​ပေါ်ထပ်​​လှေကားဆီမှတည်​ငြိမ်​ခန့်
ငြားစွာတစ်​လှမ်းချင်းစီဆင်းလာတဲ့Khn Perawat ကို
မြင်​လိုက်​ရမှအားလုံးငြိမ်​သက်​သွားကြ​တော့သည်​...

စောင့်​ကြည့်​​နေတဲ့လူအားလုံးရဲ့အကြည့်​က​တော့ Khn
Perawat ​နောက်​မှာပါလာတဲ့လူရွယ်​တစ်​​ယောက်​ဆီမှာ
ပင်​​ဝေ့ဝဲ​နေခဲ့ကြသည်​.....

အပြာနု​ရောင်​လည်​ကတုံးလက်​ရှည်နဲ့နက်​ပြာရင့်​​ရောင်
ပုဆိုးကိုဝတ်​ဆင်​ထားပြီးဆံပင်​​တွေကို​သေသပ်​စွာပင်​ဖြီး
သင်​ထားတာ​ကြောင့်​မျက်​ခုံးထူထူတို့နဲ​ချော​မောခန့်​ညား
တဲ့မျက်​နှာကထင်း​လင်းလို့​နေသည်​....

( A/ N ... ထိုင်းကား​ရှေးကျတဲ့ဇာတ်​လမ်း​တွေထဲကသူ​ဌေးလိုအနွယ်​ဝင်​လို့​ယောကျာ်း​လေး​တွေဝတ်​တဲ့ပုံစံမျိုးပါ
နော်​ မျက်​လုံးထဲမ​ပေါ်မှာစိုးလို့ )

ရှေ့က​လျှောက်​လာတဲ့ Khn Perawat က​ပြောင်​လက်
နေတဲ့သစ်​သားခုံကြီးမှာအခန့်​သားဝင်​ထိုင်​လိုက်​​တော့ထိုလူရွယ်​ကခုံအ​နောက်​မှာဝင်​ရပ်​ကာ သူ့ကိုစူးစမ်းသလို
ကြည့်​​နေတဲ့လူအုပ်​ကြီးကိုကြည့်​ပြီး ရှက်​သလိုတစ်​ချက်
ရယ်​ပြလိုက်​​တော့ ....

အိမ်​ကြီးရဲ့မီးဖို​ဆောင်​ကိုတာဝန်​ယူရတဲ့အလုပ်​သမားအမျိုး
သမီးတစ်​သိုက်​အုတ်​​အော်​​သောင်းနင်းဖြစ်​ကာအသံ​ပေါင်း
စုံထွက်​လာခဲ့တာမို့ Khn Perawat က သူ့လက်​ထဲက
တောင်​​ဝှေးကို​ဆောင့်​ချလိုက်​ပြီး ခပ်​စူးစူးတစ်​ချက်​ကြည့်
လိုက်​​တော့အသံ​တွေအားလုံးတိတ်​ကျသွား​တော့သည်​...

ချစ်ခဲ့ဖူးသည် ( Completed )Where stories live. Discover now