အပိုင်း - ၃

335 55 2
                                    

Zawgyi

ဟိုးခပ်​​ဝေး​ဝေးတစ်​​နေရာဆီမှ​ခွေးအူသံတို့ထွက်​​ပေါ်လာခဲ့သည်​ပြူး​ကြောင်​​နေတဲ့မျက်​လုံး​တွေနဲ့အဖြူ​ရောင်​အခန်း
မျက်​နှာကျက်​ကိုစိုက်​​ကြည့်​​နေရင်းရင်​ဘတ်​​ပေါ်တင်​ထားတဲ့​စောင်​ကိုခပ်​တင်းတင်းဆွဲဆုပ်​ထားမိသည်​။ခေါင်းအစ
ခြေအဆုံးကြက်​သီးတဖြန်းဖြန်းထ​နေ​ပေမယ့်​သူမလှုပ်​ရဲ..

အူး ... ဝူး ....

ခွေးအူသံ​တွေဟာခပ်​​ဝေး​ဝေးဆီမှ​နေတဖြည်းဖြည်းနီး၍နီး၍လာသည်​။အိမ်​ကြီးအလည်​မှာ​နေရာယူထားတဲ့
နာရီအိုကြီးဆီမှလက်​တံများလည်​ပတ်​​ရွေ့လျား​နေတဲ့
တချက်​ချက်​အသံကတိတ်​ဆိတ်​လွန်းတဲ့ညလည်​​မှာ​တော့
အ​တော်​ပင်​ကျယ်​​လောင်​စွာသူ့ကိုစိတ်​အ​နှောင့်​အယှက်​​ပေး​နေသည်​။

ရုတ်​တရက်​​ခွေးအူသံ​တွေရပ်​သွား​တော့သူသက်​ပြင်းတစ်
ချက်​ချလိုက်​သည်​။ကိုယ်​ကိုနည်းနည်းမတ်​လိုက်​ပြီး
အိပ်​ယာ​ဘေးက​ရေကရားထဲမှ​ရေကိုဖန်​ခွက်​ထဲပင်​မထည့်
နိုင်​​တော့ပဲပါးစပ်​ဟကာအငမ်းမရ​လောင်းချလိုက်​သည်​။

သူ့ရဲ့​ခြောက်​​သွေ့​နေတဲ့လည်​​ချောင်းတစ်​ခုလုံး​ရေ​အေး
အေးကစီးဆင်းသွား​တော့အတန်​ငယ်​စိတ်​​အေးသွားသလို
နေလို့လဲ​ကောင်းသွားခဲ့သည်​။ထိုအချိန်​ .....

အူး .... ဝူး .... ဝူး ...

ရုတ်​တရက်​​ခွေးတစ်​​ကောင်​ကဆွဲဆွဲငင်​ငင်​ထအူလိုက်
တော့ခန္ဓာကိုယ်​ထဲက​သွေး​တွေပွက်​ပွက်​ဆူလာသလို
ကြက်​သီးတဖြန်းဖြန်းထလာရပြန်​သည်​။ခွေးအူသံက
အိမ်​​ရှေ့တည့်​တည့်​ဆီကထွက်​​ပေါ်လာတာမို့ ပထမအကြိမ်
ထက်​ပိုမိုထိတ်​လန့်​တုန်​လှုပ်​​နေမိသည်​။

ကျွီ !!!

တံခါးတစ်​ခုခုကိုတွန်းဖွင့်​လိုက်​သံလားမ​သေချာ ....

ရှပ်​ ... ရှပ်​ ... ရှပ်​ ...

ခြေသံတစ်​ခုဆိုတာက​တော့​သေချာ​နေပြီဖြစ်​သည်​။ သူ...
ဘယ်​ဘက်​လက်​က​ရေကရားကိုကိုင်​ထားဆဲ ... ညာဘက်​လက်​ကကိုယ်​​ပေါ်က​စောင်​စကိုဆွဲကိုင်​ထားပြီးအခန်း
တံခါးစီစူးစိုက်​ကြည့်​​နေမိသည်​။

ချစ်ခဲ့ဖူးသည် ( Completed )Donde viven las historias. Descúbrelo ahora