အပိုင်း ၁၇

404 56 15
                                    

Krist လက်​ထဲကစာအုပ်​​လေးကိုစိတ်​မပါစွာလှန်​​လှော​နေ
ရင်းဘယ်​နှကြိမ်​​မြောက်​မှန်းမသိနာရီကိုတစ်​ချက်​​မော့
ကြည့်​လိုက်​သည်​ ....

မနက်​ ၂ နာရီတိတိ ....

P' Sing ဘယ်​မှာလဲ .....

ခေါင်းထဲမှာထပ်​မံ​ပေါ်လာတဲ့​မေးခွန်းရဲ့အ​ဖြေကို Krist မသိ ​သေချာတာက P'Sing ပြန်​မလာဘူးဆိုတာပဲ...

ဘာ​ကြောင့်​လဲ ...

မျက်​လုံး​တွေမှတ်​လို့မရ​အောင်​ကို ပြူးကျယ်​​နေ​ပေမယ့်​လဲ
အ​ဖြေကိုစဉ်းစားလို့မရနိုင်​ ...အရင်​ကဒါမျိုးတစ်​ခါမှမဖြစ်​ဖူးတာမို့ စိုးရိမ်​ပူပန်​​နေမိတာ​တော့ Krist ဝန်​ခံရ​ပေလိမ့်
မည်​ ....

ည​နေပြန်​​ရောက်​ကတည်းက Ai joe ဆီကကြားခဲ့တဲ့သ
တင်းအ​ကြောင်း​ပြောပြပြီး P' Sing များ တစ်​ခုခုကို မှတ်
မိလာနိုင်​မလား စမ်းကြည့်​ချင်​​ပေမယ့်​ အိမ်​ကြီးတစ်​အိမ်​လုံးသာမက ခြံထဲ​နေရာလပ်​မကျန်​ရှာပြီးတဲ့အထိ P'Sing
အရိပ်​အ​ယောင်​ပင်​မ​တွေ့ ....

လူလွှတ်​ပြီးရှာခိုင်းလို့မရသလို .. ဘယ်​​နေရာမှာဘာလုပ်ေ
နေလဲ ဖုန်းဆက်​ပြီး​မေးလို့မရတဲ့အ​ခြေအ​နေ အ​ပေါ်Krist
ပထမဆုံး အားမလိုအားမရဖြစ်​မိသည်​ .....

ည​နေစာ​တောင်​မစားနိုင်​ပဲ အခန်းထဲတန်းဝင်​လာပြီး စာ
အုပ်​တစ်​အုပ်​ကိုင်​ရင်း နာရီလက်​တံ​တွေ​ရွေ့လျားသွားတာ
ကိုကြည့်​ရင်း တစ်​​ယောက်​တည်း ပူ​လောင်​​နေရတာ​အပြင်
အချိန်​ကြာလာ​လေ​လေKristရင်​ထဲမှာတစ်​ခုခုကိုစိုးထိတ်
လာ​လေ​လေဖြစ်​လာခဲ့ပြီ ...

' မဟုတ်​ဘူးမလား .... P'Sing ... Kit အနားကထွက်​မ
သွား​သေးဘူးမလားဟင်​ .... P'Sing ရှိ​နေတယ်​မလား
ပြန်​​ဖြေပါဦး ... P'Sing ´

••••••••••••••••••••••••••••••••••••••••••••••••••••••

' P' Sing .... ´

' ဟမ်​ .. Kit .. ´

Sing အလန့်​တကြားနိုးလာ​တော့ အနည်းငယ်​​အေးစက်​ပြီး​မှောင်​မိုက်​​နေတာ​ကြောင့်​ အခန်းထဲမှာမဟုတ်​တာကို
ချက်​ချင်းသတိထားလိုက်​မိသည်​ ....

ချစ်ခဲ့ဖူးသည် ( Completed )Tempat cerita menjadi hidup. Temukan sekarang