အပိုင်း-၁၃

283 52 12
                                    

' P' Sing ..... P' Sing .... မသွားပါနဲ့ ..... ´

အဖြူ​ရောင်​အိပ်​ယာထက်​မှာ​အိပ်​​ပျော်​​နေရင်း​ချွေး​စေး​တွေအပြည့်​နဲ့​​ယောင်​ရမ်း​အော်​ဟစ်​​နေတဲ့သားဖြစ်​သူကိုကြည့်
ကာKhn Rose တစ်​​ယောက်​သက်​ပြင်းတစ်​ချက်​ချမိ
သည်​......

Kla ​ပြောတဲ့စကား​တွေအရ သား​လေးက မကျွတ်​မလွတ်
သေးတဲ့ဝိဥာဏ်​တစ်​​ကောင်​ကို​တွေ့မြင်​​နေရပြီးပုံမှန်​စိတ်
ပျောက်​​နေသည့်​သ​ဘောမျိုးသက်​​ရောက်​​နေသည်​မို့ သူမ
ပိုရင်​​မောရသည်​ ....

ငယ်​စဉ်​ကတည်းကဖတဆိုးသား​လေးမို့အရိပ်​တကြည့်
ကြည့်​နဲ့ခက်​ခက်​ခဲခဲပြုစုပျိုး​ထောင်​လာရတဲ့သား​လေး
ကိုတစ်​ခုခုမှားယွင်းသွားမှာမျိုးသူမမဖြစ်​​စေလိုပါ .....

သူမဘဝမှာပထမဆုံးအကြိမ်​​နောင်​တရမိသည်​.... သားကိုဒီခရီးကိုလွှတ်​ဖို့သ​ဘောတူလိုက်​မိတာကို​ပေါ့ .....

' ဟင်း .... Kla ​ရေ .... ငါ့ကို​ဈေးဝယ်​​ပေးပါဦး.... သားနိုးလာရင်​စားဖို့ ပုစွန်​ဆန်​ပြုတ်​​လေးဖြစ်​ဖြစ်​ချက်
ထားချင်​လို့ .... ´

' သခင်​မ ... သခင်​​လေးအနားမှာပဲ​နေ​ပေးလိုက်​ပါလား... ကျွန်​​တော့်​အ​မေကိုပဲချက်​ဖို့​ပြော​ပေးလိုက်​မယ်​​လေ .... ´

Kla စကား​ကြောင့်​ သူမKrist ကိုတစ်​ချက်​လှည့်​ကြည့်
လိုက်​​တော့​စောင်​ပုံထဲမှာနှစ်​ခြိုက်​စွာအိပ်​​ပျော်​​နေတာမို့
...

' ရတယ်​ ... သားအကြိုက်​ကိုကငါပဲသိတာ​လေ ... Kla
ကလိုအပ်​တာ​တွေသာသွားဝယ်​​ပေးပါ ... ´

' ဟုတ်​ကဲ့ပါ သခင်​မ .... ဒါဆို ကျွန်​​တော့်​အ​မေကို သခင်​မကို လာကူ​ပေးဖို့​ပြောလိုက်​ပါမယ်​ .... ´

' ​အေး ... ​အေး ... ´

Kla နဲ့ Krist မိခင်​တို့အခန်းထဲကထွက်​သွား​တော့ အ
ခန်း​ထောင့်​မှာရပ်​ပြီးငြိမ်​သက်​​နေတဲ့Singက ပင်​ပန်းနွမ်း
နယ်​စွာအိပ်​စက်​​နေတဲ့​ကောင်​​လေးအနားကိုတဖြည်းဖြည်း
တိုးကပ်​လာခဲ့လိုက်​သည်​ .....

နဖူး​ပေါ်မှာတင်​​နေတဲ့​ချွေးသီး​လေး​တွေကိုညင်​သာစွာဖယ်​ရှား​ပေးရင်းအနည်းငယ်​ပူရှိန်းရှိန်းဖြစ်​​နေတဲ့နဖူး​လေး​ပေါ်ကို
အနမ်းတစ်​ပွင့်​​ခြွေလိုက်​ကာ ....

ချစ်ခဲ့ဖူးသည် ( Completed )حيث تعيش القصص. اكتشف الآن