အပိုင်း ၂၀

176 21 2
                                    


' Kit '

Sing ငြိမ်သင်နေတဲ့အခန်းထဲမှာအသံပြုလိုက်ပေမယ့် မျှော်လင့်ထားတဲ့အရိပ်ကလေးက ပျောက်ကွယ်နေသလို ဖြေသူမဲ့
နေခဲ့သည်။

' Kit မင်းဘယ်မှာလဲ '

ရေချိုးခန်း နဲ့ ဝရန်တာအပြင် မျက်စိတစ်ဆုံးမြင်နေရတဲ့ ခြံဝန်းထဲမှာပါ
ချစ်ရသူရဲ့အရိပ်အယောင်ကို ရှာမတွေ့ရတာ
ကြောင့် Sing အနည်းငယ်စိုးထိတ်စပြုလာခဲ့ရပြီ.....

' Phi တို့ကို စိတ်ပူအောင်လုပ်မိလို့ Inn
တောင်းပန်ပါတယ်နော် '

' ထားလိုက်ပါတော့ N'Inn အခု ရေမိုး
ချိုးပြီးနားနှင့်လိုက်တော့ Phi နဲ့ Kla က
Ai Krist ကို လိုက်ရှာလိုက်ဉီးမယ် N'Inn ပြန်ရောက်တာ ပေးသိဖို့လိုမယ်လေ သူလဲအရမ်းစိတ်ပူနေတယ် ကဲ Phi သွားပြီနော် '

ဓာတ်မီးကိုဖွင့်ပြီး အိမ်အောက်ကိုပြန်ဆင်းသွားတဲ့ Kit သူငယ်ချင်းဆီကို Sing အမှီပြေးကာ အရှေ့ကနေပိတ်ပြီးရပ်
လိုက်ရင်း.....

' Kit ဘယ်မှာလဲ သူဘယ်သွားတာလဲ
ဘာဖြစ်လို့လဲ '

လေဟာနယ်ကိုတိုးသလို Sing ခန္ဓာကိုယ်ကို တိုးဝင်ကျော်ဖြတ်သွားတဲ့သူက Sing လိုချင်တဲ့ အဖြေတစ်စုံတစ်ရာကိုမပေးခဲ့ပါ....

အာ.....သူ Sing ကိုမှမမြင်နိုင်တာပဲ...

ဒါဆိုဘာလုပ်ရမလဲ.... Kit ဘယ်သွားတာလဲ.... ဘာအတွက်လဲ..... ဘယ်အချိန်ကထွက်သွားတာလဲ....

Sing သိချင်တာတွေကိုဖြေပေးနိုင်မယ့်သူ
တစ်ယောက်မှမရှိတော့ဘူးလား......

' Kit....Kit မင်းဘယ်မှာလဲ '

' Kit.....'

' Kit......'

Sing အများကြီး တွေးမနေနိုင်ပါ အခုအချိန်မှာ သူလုပ်နိုင်တဲ့တစ်ခုတည်းသောအရာက ခြေဉီးတည့်ရာပြေးရင်း Kit ကို
လိုက်ရှာရုံအပြင်......

*****************************

သူမ စိတ်ထဲမှာတစ်စုံတစ်ယောက်က သူမအနားရောက်လာတော့မည်ကိုကြိုတင်သိမြင်လိုက်တာကြောင့် သက်ပြင်းဖွဖွချမိသည်။

မမြင်နိုင်တဲ့ သံယောဇဉ်နှောင်ကြိုးတွေရဲ့ စွမ်းအားက သူမထင်ထားတာထက်ပိုပြီး
ခိုင်မာလွန်းနေတာများလား......

ချစ်ခဲ့ဖူးသည် ( Completed )Where stories live. Discover now