အပိုင်း - ၇

276 56 3
                                    

Kristမျက်​လုံး​တွေကိုအားယူဖွင့်​လိုက်​​တော့အဖြူ​ရောင်
မျက်​နှာကျက်​တစ်​ခုကိုအရင်​ဆုံးမြင်​လိုက်​ရသည်​။လည်
ချောင်းတစ်​​လျှောက်​အက်​ကွဲပူ​လောင်​ကာခန္ဓာကိုယ်​မှာလဲ
အပူ​ငွေ့တစ်​ချို့ရှိ​နေသည်​ ....

Krist ဖျား​နေတာလား ... ဒီ​နေရာကဘယ်​​နေရာလဲ ...
Krist ဘယ်​ကို​ရောက်​​နေတာလဲ ....

' သခင်​​လေး သတိရလာပြီလား ´

အနည်းငယ်​ရင်းနှီး​နေတဲ့အသံလာရာဆီKristလှမ်းကြည့်
လိုက်​​တော့အဖြူ​ရောင်​ကြွပ်​ကြွပ်​အိတ်​ထဲ​မှာ​ရေသန့်​ဗူး၂ဗူး
ကိုကိုင်​ထားပြီးအ​နား​ရောက်​လာတဲ့ Kla ...

' ဒါက ဘယ်​​နေရာလဲ Kla .... ကျွန်​​တော်​ဘာဖြစ်​သွား
တာလဲ ... ´

Kla က ​ရေဗူး​တွေပါတဲ့အိတ်​ကိုကုတင်​​ဘေးကစားပွဲ​လေး
ပေါ်တင်​လိုက်​ပြီး အနားကခုံ​လေးမှာဝင်​ထိုင်​လိုက်​ရင်း...

' ညက​လေ​တွေမိုး​တွေကြမ်းလို့ မီး​တွေပျက်​သွား​တော့
သခင်​​လေး အဆင်​မ​ပြေမှာစိုးလို့မီးအိမ်​လာပို့​ပေးတာ ..
ဘယ်​လိုမှ​ခေါ်လို့မရလို့ စိတ်​ပူပြီးအိမ်​​ပေါ်တက်​လာခဲ့မိတာ
ရေချိုးခန်းထဲမှာ လဲကျ​နေတာ​တွေ့လို့ ​ဆေးရုံ​ခေါ်လာခဲ့ရ
တာပါပဲ ... ကျွန်​​တော်​ဖြင့်​စိတ်​ပူလိုက်​ရတာ.. အခု​ရော
သက်​သာရဲ့လား ... ´

Kla စကား​ကြောင့်​ Krist အနည်းငယ်​​တွေ​ဝေသွားမိ
သည်​ ....

ရေချိုးခန်းထဲမှာလဲကျ​နေခဲ့တာတဲ့လား ...

Krist မှတ်​မိသ​လောက်​ Krist ​ရေချိုး​နေတုန်းမှာတစ်
ယောက်​​ယောက်​ကKristကို​ရေထဲမှာဖိနှစ်​ထားခဲ့တာ...

Krist ရုန်းကန်​လို့မရနိုင်​​တော့တဲ့အထိ....

ဘာ​ကြောင့်​ ​ရေချိုးကန်​ထဲမှာအသက်​​ပျောက်​မ​နေပဲ ​ရေချိုး
ခန်းထဲမှာလဲကျ​နေရတာလဲ ...

Krist ကိုသတ်​ချင်​တဲ့သူက​တော့တရား​ပေါက်​ပြီးပြန်​ကယ်​ထားခဲ့မှာမဟုတ်​ဘူး ....

ဒါဆို ဘယ်​သူလဲ .....
သတိမရှိ​တော့တဲ့အချိန်​မှာ Krist ကို ​ရေချိုးကန်​ထဲက
ကယ်​ထုတ်​ခဲ့တဲ့သူက ..... မဟုတ်​မှ ...

ချစ်ခဲ့ဖူးသည် ( Completed )Où les histoires vivent. Découvrez maintenant