အပိုင်း_၁၅

271 52 11
                                    

' P ' Krist .... ´

ကားတံခါးဖွင့်​တာနဲ့ခုန်​ဆင်းလာပြီးKristကို​ပြေးဖက်​လာ
တဲ့N' Inn ​ကြောင့်​ Krist ​နေရခက်​စွာရယ်​လိုက်​ရင်း
အ​နောက်​ကဆင်းလာတဲ့သူငယ်​ချင်းဖြစ်​သူကို လှမ်းနှုတ်
ဆက်​လိုက်​သည်​......

' ​ဟေး Ai joe .... ဘယ်​လိုလဲ ´

' ဟူး ..... Ai Krist မင်းဘာစိတ်​ကူးနဲ့ဒီ​လောက်​အ​ဝေး
ကြီးကို​ခေါ်ရတာလဲ .... မင်းသိရဲ့လား ငါကားအကြာကြီး
စီးရလို့အရိုး​တွေပါ​ ကျိုးကုန်​ပြီထင်​​နေတာ ..... ´

Krist ကိုယ်​​ပေါ်တွယ်​ကပ်​​နေတဲ့ N' Inn ကိုဖယ်​လိုက်​ပြီး
ရှုံ့ရှုံ့မဲ့မဲ့နဲ့​ပြောလာတဲ့ သူငယ်​ချင်းကို ပခုံးပုတ်​ကာအား​ပေး
လိုက်​ရင်း ...

' အိုး ... လာပါကွာ ငါလဲ​ရောက်​ကာစကအသားမကျ
တော့ဒီလိုပါပဲ.... အခု​တော့​နေလို့အဆင်​​ပြေပါတယ်​....
ငါမင်းရဲ့အကူအညီကို လို​နေလို့ပါ ... ​နော်​ .. ​နော်​ ´

Krist မျက်​နှာချို​သွေးပြီး​ပြောလိုက်​​တော့ joe လဲ အချစ်​ဆုံးသူငယ်​ချင်းကိုမလွန်​ဆန်​ဖြစ်​​တော့ပဲ ​ခေါင်းညိတ်​ပြ
လိုက်​ရင်း ....

' ​အေးပါ ... ​အေးပါ ..... ငါဘာမှမ​ပြော​တော့ဘူး.... မင်း
သ​ဘော .... မင်းသ​ဘော ... ငါဘာ​တွေကူညီရမလဲဆို
တာသာ​ပြော​တော့ ...... ´

' Ok ကွာ .... အရင်​ဆုံးအနားယူလိုက်​ဦး... ည​နေမှ
ညစာစားရင်းစကား​ပြောကြတာ​ပေါ့ .... ဒါနဲ့ N' Inn
ကို ဘာလို့​ခေါ်လာတာလဲ ... ´

ဖုန်း တစ်​လုံးနဲ့ Post မျိုးစုံလုပ်​ကာခပ်​လှမ်းလှမ်းမှာ
ဓာတ်​ပုံရိုက်​​နေတဲ့ N' Inn ကို ကြည့်​ပြီး Krist ​မေး
လိုက်​​တော့ joe က Krist ကို လက်​ညှိုးထိုးပြလိုက်
ရင်း ....

' မင်း​ကြောင့်​ပဲ​ပေါ့ ...... မင်းမသိတာမှတ်​လို့ ငါ့ညီမက
မင်းကို ဘယ်​​လောက်​ကြိုက်​လဲဆိုတာ .... ငါလဲ မင်း
ဆီသွားမှာသိ​ရော သူမလိုက်​ရမချင်းမျိုးစုံပြဿနာရှာ
တော့တာပဲ ... ​နောက်​ဆုံး​တော့ ထုံးစံအတိုင်းငါပဲ အရှုံး
ပေးရတာ​ပေါ့ကွာ .... မင်းစိတ်​အ​နှောင့်​အယှက်​ဖြစ်​သွား
ရင်​​တော့ ငါ​တောင်းပန်​တယ်​ ... ´

ချစ်ခဲ့ဖူးသည် ( Completed )Where stories live. Discover now