ep 14⛄

3.7K 448 16
                                    

#Unicode
ဧည့်ခန်းထဲမှာဖုန်းဆက်နေသော
ဂျောင်ဂုကိုထယ်ယောင်းလည်းရပ်ကြည့်နေလိုက်သည်။အလုပ်တွေကိုပြောဆိုဖြေရှင်းနေတာတွေ ငွေအကြောင်းတွေပြောနေတာတွေက
တိကျလွန်းစွာနဲ့ပိုင်နိုင်နေသည်။ကိုကိုကဘာမဆိုတော်နေတော့တာပါပဲ။

"ထယ် ကိုကို ကားထဲမှာဖိုင်တစ်ခုသွားယူလိုက်အုံးမယ် ကျန်ခဲ့လို့"

"ဟုတ်ကိုကို တံခါး password က
121030 နော်"

"မကြောက်ဘူးလားကိုကိုက password သိရင်အမြဲလာနေတော့မှာနော်"

"ကြောက်တယ်ဆိုရင်ရော ယုံမှာမလို့လား"

"ဒါပေါ့...သေချာပေါက်မယုံဘူးပေါ့"

ပြိုင်တူရယ်ရင်းထယ်ယောင်းဆံပင်လေးကိုလက်နဲ့ဆွဲဖွကာ ကားပါကင်သို့သာဆင်းလာခဲ့လိုက်သည်။ဖိုင်ယူနေတုန်းမှာပင်ဖုန်းလာလို့ကိုင်ဖြစ်သွားသည်။

"ယူမီ ပြော"

"ကို အန်တီ့ကိုပန်းလာပို့တာ အန်တီက
ကိုအလုပ်လေးရှိလို့ပြန်မလာဖြစ်ဘူးလို့ပြောလို့ ယူမီရုံးခန်းကိုစားစရာလေးတွေလာပို့ရမလား"

"ကိုယ်က ရုံးခန်းမှာမရှိဘူးယူမီ မနက်ဖြန်အားလား ကိုယ်ပြောစရာရှိလို့တွေ့ကြရအောင် "

"အားရင်ပြန်ပြောမယ်နော် ယူမီဖုန်းချလိုက်တော့မယ်"

ဂျောင်ဂုဒါကိုမြန်မြန်ဖြေရှင်းချင်ပြီ။
ဖွင့်မပြောမချင်းယူမီကိုလည်းအားနာနေရသည်။ကိစ္စတွေကထင်သလောက်ရိုးရှင်းနေပါ့မလားလေ။တံခါးဖွင့်ပြီးဝင်လာတော့TVကိုစိတ်ဝင်တစားကြည့်နေသောထယ်ယောင်းကိုတွေ့လိုက်ရသည်။ဂျောင်ဂုရဲ့တံခါးပိတ်သံကြောင့်ထင်ပါရဲ့နောက်ကိုလှည့်ကြည့်လာသည်။

"ကိုကိုရေ သတင်းထဲမှာလေJeon groupရဲ့ဝန်ထမ်းများအားလုံးစုပေါင်းအလှူဆိုပြီးပါလာတယ် ကိုကိုရောဝန်ထမ်းတွေရောပါလာတာ"

"ဟုတ်တယ်ထယ်ရဲ့....ကိုကိုတို့တွေစုပြီးလှူကြတာလေ တစ်နှစ်မှာ၂ခါလှူတယ် မိဘမဲ့ဂေဟာနဲ့ အဘိုးအဘွားစောင့်ရှောက်ရေးစင်တာနဲ့ကိုမျှလှူတာပေါ့ ရုံးမှာအလှူခံထည့်လို့ရတဲ့ပုံးလေးထားပေးထားတယ်လေ နေ့တိုင်းနဲနဲစီထည့်ကြသလို လကုန်လို့လခရရင်လည်းတက်နိုင်သလောက်ဝန်ထမ်းတွေကထည့်ကြတယ် ကိုကိုတို့ရှယ်ယာရှင်တွေလည်းအဲ့အတိုင်းထည့်ကြတယ် ရုံးကိုလာတဲ့ဧည့်သည်တွေထည့်တာတွေလည်းပါသေးတယ်"

Be Happy  √ Completed √Where stories live. Discover now