ep 2 ⛄

4.7K 561 59
                                    

#Unicode

ဂျောင်ဂုတို့ညစာစားနေတော့ဘေးအိမ်မှအမကခြံကြီးထဲကသူဌေးရဲ့မြေးကပေးခိုင်းလိုက်လို့ဟုဆိုကာအထုတ်အပါးလေးလာပေးသွားသည်။ဂျောင်ဂုအိတ်လေးဖြည်ကြည့်လိုက်တော့အထဲမှာတွေ့လိုက်ရတာက chocolateအကောင်းစားလေးပင်။
စာလေးရေးထားသေးသည်။ကိုကိုစားဖို့ ထယ်ထယ်မှ တဲ့ဒါလေးကမရိုးစေရဘူး ၁၀နှစ်မလို့သာပဲတော်တော့တယ်။

"သား အဲ့ကလေးလေးနဲ့ဘယ်လိုသိတာလဲ"

အဖေမှမေးသောကြောင့်ဂျောင်ဂုအကုန်ပြောပြလိုက်သည်။အဖေပြောတာတော့သူဌေးက သူ့မြေးကိုသဲသဲလှုပ်တဲ့။အဆင့်နိမ့်နွမ်းပါးတဲ့သူတွေနဲ့အပေါင်းအသင်းမလုပ်ခိုင်းဘူးတဲ့။
အဲ့ဒါကြောင့်ဂျောင်ဂုကိုခပ်ဝေးဝေးနေဟုအဖေကပြောနေသည်။ပြီးတော့ထယ်ကိုခေါ်လာတာလေကောင်းလေသန့်ရှုခိုင်းချင်လို့တဲ့။ထယ်ကမွေးရာပါနှလုံးအားနည်းလို့ငယ်ငယ်လေးထဲက ခွဲစိတ်ကုသထားရသည်တဲ့။ဂျောင်ဂုစဉ်းစားမိသည်က ဒီလောက်ဖြူစင်တဲ့ကလေးလေးကဘာလို့သူ့မြေးဖြစ်နေပါလိမ့် ကလေးကိုအရောင်ဆိုးနေတာဟုသာတွေးမိသည်။ညအိပ်တော့ချောကလတ်လေးကိုစားကြည့်ရင်းနဲ့ထယ်ကိုမြင်ယောင်နေရင်းပြုံးမိသည်။

ထယ်ယောင်းမနက်အစောကြီးထဲကနိုးနေသည်။ဆောင်းရာသီရဲ့အအေးဓာတ်ကအခန်းထဲထိပျံ့နေသောကြောင့်စောင်ပုံထဲမှာပဲငြိမ်နေလိုက်သည်။
ဖွားဖွားကစက်ရုံသွားတော့မယ်ဆိုပြီးအဒေါ်ကြီးကိုပြောနေသံကြားရသည်။
အပေါ်ထပ်ကနေချောင်းကြည့်နေရင်းဖွားဖွားကားကခြံထဲကထွက်သွားလေပြီ။အဒေါ်ကြီးကထယ်ယောင်းမနိုးသေးဘူးဟုထင်နေကာမီးဖိုခန်းထဲမှာဟင်းချက်ဖို့ပြင်နေတာတွေ့ရသည်။ထယ်ယောင်းလဲတိတ်တိတ်လေးတံခါးဖွင့်ကာခြံထဲသို့ပြေးထွက်ရင်းစိုက်ခင်းကြီးဆီသာဦးတည်တော့သည်။လိမ္မော်ခြံကြီးထဲရောက်သောအခါ ကိုကို့ကိုမတွေ့ရပေ။အသီးပင်တန်းတွေတစ်တန်းပြီးတစ်တန်းလိုက်ရှာပေမယ့်ကိုကို့ ကိုမတွေ့ရ။

"ဟိတ် ကလေးလေး ဘယ်သူလဲဒီမှာဘာလုပ်နေတာလဲ"

ဦးလေးကြီးကထယ်ယောင်းကိုစတော်ဘယ်ရီစိုက်ခင်းထဲမှလှမ်းအော်နေသည်။လူတွေကလဲထယ်ယောင်းကိုကြည့်နေကြသည်။ထယ်ယောင်းဘာပြန်ပြောရမှန်းမသိခင်မှာပဲ အဲ့လူတွေနောက်ကနေလှမ်းခေါ်သောကိုကို့အသံကိုကြားလိုက်ရသည်။

Be Happy  √ Completed √Where stories live. Discover now