ep 12⛄

3.9K 438 31
                                    

#Unicode
သတိရလာပြီးခဏနေတော့ဂျောင်ဂုမှာဆရာဝန်တွေခေါ်လိုက်ရသည်။အခြေအနေစိတ်ချရပြီဆိုမှစိတ်အေးရသည်။ဆေးပိုက်တွေလည်းဖြုတ်သွားကာမနက်ဖြန်နေ့ခင်းလောက်အိမ်ပြန်လို့ရပြီဖြစ်သည်။

"ထယ် ခုညကိုကိုနေပေးမယ်နော်"

"ကိုကို ဘာစားပြီးပြီလည်းတစ်ခုခုသွားစားလေ"

"ရတယ်ထယ်ရဲ့ ထယ့်မေမေကထယ်အတွက်ဆန်ပြုတ်နဲ့ကိုကို့အတွက်စားစရာပါထားပေးသွားတယ်"

သူပြောသမျှကိုငြိမ်နားထောင်ကာဟိုကြည့်ဒီကြည့်နဲ့လိုက်ငေးနေသည်။
ဂျောင်ဂုမှာထယ်ယောင်းရဲ့လက်ဖျားလေးတွေခြေဖျားလေးတွေကိုရေပက်တိုတ်ပေးဖို့သပတ်လေးကိုရေစင်အောင်ညှစ်ကာယူလာလိုက်သည်။

"ထယ် ကိုကိုရေပတ်တိုက်ပေးမယ်နော်"

ဂျောင်ဂုက ကုတင်ပေါ်မှာထိုင်နေသောထယ်ယောင်းရဲ့ခြေထောက်လေးရေပတ်တိုက်ဖို့အတွက်ဆေးရုံဘောင်းဘီလေးကိုအနည်းငယ်ခေါတ်တင်လိုက်သည်။

"ကိုကိုရာ ရပါတယ် ငရဲကြီးနေပါအုံးမယ်"

"ကိုကိုကခွင့်လွှတ်ပြီးသားပါ ဒါကချစ်လို့လုပ်ပေးတာ ဘာမှမဖြစ်ဘူး"

ဂျောင်ဂုမှာလက်ဖျားလေးတွေကိုကိုင်ကြည့်ပြီးပြုံးနေမိသည်။ငယ်ငယ်တုန်းကလက်ဆွဲပြီးလိုက်ခဲ့တဲ့လက်သေးသေးလေးကအခုတော့လူကြီးလေးဖြစ်လာခဲ့ပြီပဲ။

"ရပါပြီဗျာ ထယ်လေးဆေးသောက်ရမယ်"

သေချာရေပတ်တိုက်ပေးကာအမွှေးပွသပတ်လေးနဲ့ခြောက်အောင်သုတ်ပြီးစောင်လေးခြုံပေးကာဆန်ပြုတ်ကိုပန်းကန်လေးထဲထည့်နေသည်။
ထယ်ယောင်းအခုလိုအချိန်တွေကိုရပ်တန့်ထားချင်သည်။အခုညလေးတော့အတ္တကြီးပါရစေ။

"ထယ် ဆန်ပြုတ်လေးသောက်ပြီးဆေးသောက်ရအောင်နော်"

"ကိုကို့ရှေ့မှာနေမကောင်းမဖြစ်ချင်ဘူး"

"ထယ်ရယ် ကိုကိုရှေ့မှာနေမကောင်းဖြစ်တာစိတ်ညစ်စရာမှမဟုတ်တာ
ထယ်လေးကကိုကို့ရှေ့မှာပါဟန်ဆောင်နေဖို့မလိုဘူးဒီတိုင်းလေးနေပေး ထယ်ရဲ့ဖြစ်တည်မှု့တစ်ခုချင်းစီကိုမြတ်နိုးနေတာထယ်ရဲ့ကိုကိုက ဟုတ်ပြီလား"

Be Happy  √ Completed √Where stories live. Discover now