ep 9⛄

3.7K 458 32
                                    

#Unicode

"ကို ထယ်ယောင်းနဲ့သိနေတာလား"

"ဟုတ်တယ် "

"သူကနိုင်ငံခြားမှာအတော်ကြာကြာနေလာတာဘယ်တုန်းကသိတာလဲ"

"ငယ်ငယ်ထဲကပါ သူနဲ့ဘယ်မှာတွေ့တာလဲယူမီက"

ဂျောင်ဂုသိချင်မိတယ်ဘယ်မှာဘယ်လောက်ထိကြာအောင်နေ,နေတာလဲဆိုတာအရမ်းသိချင်မိသည်။

"ယူမီ ကျောင်းသွားတက်တော့
ထယ်ယောင်းကအဲ့မှာရောက်နေပြီငယ်ငယ်လေးနဲ့တစ်ယောက်တည်းကျောင်းလာတက်နေလို့ယူမီတို့ဆိုအံ့ဩနေတာ"

လမ်းအတိုင်းမောင်းနေသောကားလေးကရုတ်တရပ်ကားလမ်းဘေးသို့လမ်းကြောင်းယူပြီးလမ်းဘေးတစ်နေရာမှာဘရိပ်ပြင်းပြင်းအုပ်ကာထိုးရပ်သွားသည်။

"ယူမီသူ့ကိုတွေ့ခဲ့တော့ သူကအဲ့ဒီမှာအထက်တန်းဆက်တက်နေတာလား"

"ဟုတ်တယ်ကို သူအထက်တန်းတက်နေတာ ဘာဖြစ်လို့လဲဟင်"

"ဘာမှမဟုတ်ပါဘူး"

ဂျောင်ဂုစဉ်းစားရခက်သွားတယ်ဘာကြောင့်များကလေးအရွယ်လေးကိုနိုင်ငံခြားမှာတစ်ယောက်ထဲနေရအောင်ပို့ထားတာလဲ။တကယ်ကိုထယ်အဖွားကဂျောင်ဂုမြင်ဘူးသမျှလူတွေထဲမှာအတ္တအကြီးဆုံးနဲ့ကြောက်စရာအကောင်းဆုံးဖြစ်သည်။

"ခုနကထယ်လေးက ကို့ ကိုမမှတ်မိဘူးနေမှာ အဲ့ဒါကလည်းသူဒီမှာcar accident ဖြစ်ထား‌တော့လေ"

"ဘယ်လို ....ခဏယူမီကဘယ်လိုသိနေတာလဲ"

"ဟိုမှာကျောင်းအတူတက်ကြတော့ထယ်လေးပြောပြတာ မှတ်ဉာဏ်တချို့မေ့ပြီးသူ့မေမေကိုတောင်မမှတ်မိဘူးတဲ့"

သွားပြီဂျောင်ဂုအထိတ်လန့်ဆုံးဖြစ်ရပ်ကတကယ်ဖြစ်နေတာပါလား။အဲ့နေ့ကဖြစ်သွားတာပေါ့ ငါ့ကြောင့်ငါသာကလေးကိုလာဖို့ခွင့်မပြုခဲ့ရင် ငါသာမွေးနေ့အကြောင်းမပြောမိရင်ဒါတွေကိုထယ်ခံစားခဲ့ရမှာမဟုတ်လောက်ဘူး။တော်သေးတာပေါ့တစ်ခုခုမဖြစ်သွားလို့ကြီးကြီးမားမားသာဖြစ်သွားရင်ဘယ်လိုမှကိုယ့်ကိုကိုယ်ခွင့်လွှတ်နိုင်မှာမဟုတ်ဘူး။အခုဘာဆက်လုပ်ရမလဲအခုလမ်းပျောက်နေတာဂျောင်ဂုကိုယ်တိုင်ပင်ဖြစ်နေတော့သည်။

Be Happy  √ Completed √Where stories live. Discover now