ep 17

3.8K 400 7
                                    

#Unicode
ယူမီ ထယ်ယောင်းနဲ့ချိန်းပြီးတာနဲ့ ပြောဖို့စကားများကိုတွေးပြီးအိပ်မပျော်နိုင်ခဲ့။မကြာမီဖြစ်ပျက်သွားမယ့်ကိစ္စထဲမှာ သူမရဲ့အတ္တတွေပါဝင်နိုင်ပြီး အေးချမ်းမှု့ပျော်ရွှင်မှု့တွေကတော့ ကျန်ခဲ့နိုင်တယ်ဆိုတာသိသည်။သိနေရဲ့သားနဲ့ရှေ့ဆက်တိုးနေမိတဲ့ကိုယ့်ကိုကိုယ်လည်းအံ့ဩလို့မဆုံး။နောင်တဆိုတာနောင်မှရတယ်ဆိုပေမယ့် အခုတော့ရေးတေးတေးမြင်လို့နေခဲ့ပြီလား.....။မနက်ရောက်တော့ထယ်ယောင်းနဲ့ချိန်းထားတဲ့နေရာကိုလာခဲ့လိုက်သည်။

"ထိုင်ပါအမ ကျွန်တော်အမကြိုက်တဲ့ကော်ဖီဝယ်ထားပေးတာတော့ သုံးဆောင်ပါ"

"ထယ်လေးရေ အခုကိစ္စကိုဖယ်လိုက်ရင် မင်းကချစ်စရာကောင်းတဲ့မမမောင်လေးပါပဲ"

နှစ်ယောက်စလုံးမသက်မသာပြုံးပြနေရတာအဆင်မပြေခဲ့။ယူမီကစကားစတော့သည်။

"ထယ်ယောင်း သိတယ်မလား ဂျောင်ဂုနဲ့အမက မကြာခင်စေ့စပ်တော့မှာ အသိုင်းအဝိုင်းအကုန်လုံးကလည်းသိပြီးပြီ အခုဂျောင်ဂုက အမကိုလက်ထပ်ဖို့စိတ်ကူးမရှိတော့ဘူးဆိုပါတော့ ထယ်ကပဲဂျောင်ဂုကို အကောင်းဆုံးကဘာဆိုတာပြောပြပေးမလား"

ထယ်ယောင်းပြန်ပြောဖို့စကားစကိုရှာမတွေ့ခဲ့။အခုလိုမိန်းကလေးတစ်ယောက်ကမျက်ရည်ကျပြီး လာပြောနေတာကိုကသူ့အတွက်တော့ လောကမှာအမှားဆုံးလူသားအဖြစ်ခံယူပြီးလျှက်။

"ထယ်ရဲ့အသိုင်းအဝိုင်းကလည်းလက်ခံမယ်ထင်နေလား အမအရှက်ရသလိုသူတို့လည်းဖြစ်လိမ့်မယ်"

"ကျွန်တော် ထည့်စဉ်းစားတာက အမသိက္ခာနဲ့ ကိုကို့ရဲ့ပျော်ရွှင်မှု့ပဲ ကျွန်တော့်မိဘအသိုင်းအဝိုင်းလား ထည့်ကိုမစဉ်းစားဘူး ကျွန်တော်ကဘာမဟုတ်တာမှလုပ်မထားဘူးလေ တစ်ခုတော့ရှိတာပေါ့ ခုနက အမပြောသလို အမအရှက်ကွဲမှ ကျွန်တော်လည်းမကောင်းတဲ့သူဖြစ်မှာ"

ယူမီကိုပြန်ပြောလာသောထယ်ယောင်းစကားများကတည်ငြိမ်စွာ။ယူမီရဲ့ရှေ့မှာအေးဆေးစွာထိုင်ပြီးပြောနေတော့တာ။

"အဲ့လိုဆို မင်းကနောက်မဆုတ်ပေးနိုင်ဘူးလား ငါရော ဂျောင်ဂုအိမ်ကမိဘတွေရော အရှက်ရမှာကိုနင်ကပျော်နေနိုင်ရင်တော့လုပ်ပေါ့"

Be Happy  √ Completed √Where stories live. Discover now