ep 7 ⛄

3.6K 436 41
                                    

#Unicode

ဂျောင်ဂုရဲ့18နှစ်ပြည့်မွေးနေ့ကိုဘယ်တော့မှမေ့မရခဲ့။ထယ်အဲ့နေ့ထဲကသူ့ဆီရောက်မလာတော့ပါ။ကျောင်းလည်းရောက်မလာခဲ့ကျောင်းမှာကြားရတာတော့ကျောင်းပြောင်းလက်မှတ်ယူသွားတယ်သာသိရပြီးဘာသတင်းမှထပ်မကြားခဲ့ရ။ဂျောင်ဂုတက်နိုင်သမျှစုံစမ်းခဲ့သော်လည်းဘာတစ်ခုမှမသိရပေ။အဆင်ပြေပြေလေးရှိနေလားဆိုတာပဲသိချင်တာပါ။ကိုယ်ကမင်းကိုဘယ်လိုကြိုးစားမှဖမ်းလို့မိမလဲလိပ်ပြာလေးရေ။နာရီဘူးထဲကစာရွက်လေးမှာ ကိုကိုကပန်းပင်အဖြစ်နဲ့နေပေး
ထယ်ထယ်ကလိပ်ပြာလေးလိုဝတ်မှုန်ကူးပေးမှာကိုကိုအောင်မြင်မှု့ပန်းလေးတွေပွင့်ဖို့လို့ရေးထားပေးတဲ့ကောင်လေးဟာဂျောင်ဂုအနားရောက်မလာခဲ့။တက်နိုင်သမျှအစွမ်းကုန်စုံစမ်းပါသော်လည်းဘာမှမသိရ။ကိုကိုလိုက်ရှာလို့မရနိုင်တဲ့အထိဘယ်တွေသွားနေတာလဲကွာ။

"သားဒီနေ့ဖွင့်ပွဲမှာအောင်မြင်ပါစေ ဘာအနှောင့်အယှက်မှမရှိဘဲပြီးသွားပါစေနော်"

"အောင်မြင်မှာပါအမေ ပူမနေနဲ့နော်သားသွားတော့မယ် အဖေနဲ့အမေ"

"ဦးလေးနဲ့အဒေါ် ကျွန်တော်ရောက်လာပါတယ်"

ဂျင်ဂူးကဝတ်စုံပြည့်ဝတ်ကာရောက်လာလေသည်။အခုနေတဲ့အိမ်ကဂျင်ဂူးတို့အိမ်ကိုပြန်ဝယ်လိုက်သောကြောင့်အိမ်ချင်းကနီးနေတုန်းပင်ဖြစ်သည်။

"မင်းကားနဲ့ပဲသွားမယ်ငါ့ကားထားခဲ့တယ်နော်ဂျောင်ဂု"

"သဘော မင်းလုပ်ချင်တာလုပ်မှာကိုပြောနေသေးတယ်"

"ဟားဟား"

"ငါ့သားလေးနှစ်ယောက်လုံးကစီးပွားရေးတောင်စလုပ်ကိုင်နေကြပြီတကယ်ဝမ်းသာပါတယ်သားတို့ရယ်"

ဂျောင်ဂုအမေကအပျော်မျက်ရည်များကြကာဝမ်းသာစကားဆိုရှာသည်။
ဂျောင်ဂုကဖက်ပြီးနှစ်သိမ့်လိုက်ရတဲ့ခဏမှာဒီနေ့လိုမျိုးကိုတစ်ယောက်သောသူကိုလည်းဒီလိုလေးပျော်နေတာမြင်ချင်ခဲ့တယ်။တွေးလိုက်တိုင်းကျန်းမာရေးကောင်းရဲ့လားအဆင်မှပြေပါ့မလားနဲ့စိတ်ပူမိနေတာ။အမေတို့ကိုနှုတ်ဆက်ကာထွက်လာလိုက်ကြသည်။

Be Happy  √ Completed √Where stories live. Discover now