ep 3 ⛄

4.1K 537 57
                                    

#Unicode
"ကို....ကို"

ဂျောင်ဂုအသီးခူးနေရင်းနောက်ကနေကိုကိုဆိုတာကိုရှေ့နဲ့နောက်ကိုခြားကာအသံဆွဲခေါ်နေသောအကောင်ပေါက်။နောက်လှည့်ကြည့်တော့ပြုံးပျော်နေတာများ။

"ဒီနေ့တော့ခေါင်းစွပ်ရောလက်အိတ်တွေရောနွေးနွေးထွေးထွေးနဲ့ပါလား"

"ထယ်ထယ်ကလိမ္မာတယ်လေ လူကြီးတွေစကားနားထောင်ပြီးနွေးနွေးထွေးထွေးနေတာ ဟီး.."

"ဟုတ်ပါပြီကွာ ရော့ဒါကပဲပေါင်မုန့်တွေထယ်ပြန်ရင်ယူသွား ဆိုးလ်ရောက်ရင်
ရေခဲသေတ္တာထဲမှာသိမ်းပြီးစားလို့ရတယ်နော်"

"ဟုတ်ကိုကို"

"မယူရပါဘူး ထယ်လေးကဘာလာလုပ်နေတာလဲဒီကို"

ထယ်ယောင်းရောဂျောင်ဂုပါပြိုင်တူလှည့်ကြည့်မိသွားသည်။ထယ်ကဖွားဖွားဟုခေါ်လိုက်သံကြားရသည်။သူ့နောက်မှာတော့ အဖေရယ်အမေရယ်အလုပ်သမားအနည်းငယ်ပါတွေ့ရသည်။

"ဖွားဖွား သားကဒီကိုကိုနဲ့ခဏလာကစားတာပါ"

"ထယ်လေးကလဲ သူကသားကစားရမယ့်သူလား အလုပ်သမားသား အလုပ်သမားလေ"

"ကိုကိုက အလုပ်သမားမဟုတ်ပါဘူးကျောင်းသား"

"ပြောရခက်မနေနဲ့ထယ်ထယ် အလုပ်သမားမလို့ဖွားဖွားခြံမှာအသီးခူးနေတာပေါ့ လက်ထဲကဘာကြီးလဲ"

"ကိုကို့မေမေလုပ်ပေးတဲ့ပဲပေါင်မုန့်"

တကယ်ကိုဂျောင်ဂုစိတ်ပျက်နေမိပြီ။ထယ်ကလည်းစကားသာပြောနေတာမျက်ရည်တွေစီးကြနေသည်။အဖေနဲ့အမေအပါအဝင်ထယ်ကိုထိန်းတဲ့အဒေါ်ကြီးပါမျက်နှာမကောင်းကြ။ဂျောင်ဂုကတော့ထယ်အဖွားရှေ့မှာသာထယ်နဲ့အတူရပ်နေမိသည်။

"ကိုကို ကိုကို ခေါ်မနေနဲ့ သူ့နာမည်ခေါ် သူ့နာမည်ထယ်သိတယ်မလား ဖွားဖွားကိုဆိုးအောင်ထယ်လုပ်နေတာနော်
ဖွားဖွားသူတို့မိသားစုကိုတစ်ခုခုလုပ်မိရင်အဲ့ဒါထယ် ကိုကိုခေါ်တဲ့အပြစ်ပဲ"

"ဒီမှာဗျ ကျွန်တော်တို့က ဘာအပြစ်မှမလုပ်ထားဘူးထယ်က ကိုကိုခေါ်တာဘာမှားလို့လည်း ကျွန်တော်ကသူ့ထက်အသက်ကြီးတာပဲလေ"

Be Happy  √ Completed √حيث تعيش القصص. اكتشف الآن