ep 10⛄

3.9K 455 37
                                    

#Unicode
ဂျောင်ဂုမှာဘာအဖြေပေးရမှန်းမသိဖြစ်နေရပြီ။အကောင်းဆုံးအဖြေဆိုတာအခုချိန်မှာဘာများဖြစ်နိုင်မလဲ။ထယ်သတိပြန်ရလာရင်တောင် ကိုကို့ ကိုခွင့်မလွှတ်နဲ့ထယ်။ရင်ခွင်ထဲမှကောင်လေးကိုမျက်နှာချင်းဆိုင်ရပ်စေကာ မျက်ရည်တွေကိုသုတ်ပေးလိုက်သည်။

"ကိုကို အာ ....sorry ထယ်ယောင်းရဲ့ကိုကို ကိုသိပါတယ် ကိုယ်ကထယ်ယောင်းကိုကိုတော့မဟုတ်ဘူး"

ပြောလိုက်တော့မျက်ဝန်းလေးတွေ
ညှိုးနွမ်းသွားသောထယ်ယောင်းကိုကြည့်ကာဂျောင်ဂုလည်းမွန်းကျပ်နေတော့သည်။

"အဲ့ဒါဆို ကိုကိုက ကျွန်တော်ဘယ်လိုနေထိုင်နေရလဲဆိုတာကို စိတ်မဝင်စားဘူးပေါ့"

"မဟုတ်ဘူး သူကအရမ်းစိတ်ပူနေတာ
လိုက်လည်းရှာခဲ့တယ်"

"ကျွန်တော်ပြန်ရောက်နေတာသူမသိဘူးလား"

"သူ....သူမသိလို့နေမှာပါ"

ဆက်မမေးပါနဲ့ထယ် ကိုယ်လိမ်နေမိပြီနောက်ဆုတ်လို့မရတော့အောင်ထယ်မေးခွန်းတိုင်းကိုဆက်လိမ်နေရတော့မှာ။

"ကျွန်တော့်ကို သူဖုန်းနံပါတ်လေးပေးလို့ရမလား"

"ဒီမှာ ထယ်ယောင်း သူကလူလွတ်မဟုတ်တော့ရင် ဘယ်လိုလုပ်မလဲ ဘာလို့အဲ့လောက်အစွဲအလန်းကြီးရတာလဲ သူ့ကိုတောင်မမှတ်မိဘဲနဲ့"

ဂျောင်ဂုအော်လိုက်မိသည်။အဲ့လိုတမ်းတမ်းတတလိုက်မေးနေတာမျိုးကို ကိုကို မမြင်ရက်ပါဘူးထယ်ရယ်။ကလေးလေးပင်ပန်းပါတယ် မေ့လက်စနဲ့မေ့လိုက်ပါတော့။

"ကျွန်တော့်ကိုကိုဗျ ခင်ဗျားကဘာသိလို့လဲ ကျွန်တော့်နှလုံးသားထဲကထုတ်လို့မရဘူး မေ့နေတာဟုတ်တယ် သတိပြန်ရချင်တယ် ကိုကို့ ကိုတွေ့ချင်တယ်
လူလွတ်မဖြစ်တော့ရင်လည်းမျက်နှာလေးခဏတွေ့ချင်မိယုံလေးပါ  ကျွန်တော်သူအဆင်ပြေနေလားလို့မေးချင်တယ် သူ့မှာမိသားစုရှိရင်လည်းရှေ့တိုးဖို့စိတ်ကူးမရှိပါဘူး ဒီတိုင်း ဒီတိုင်းလေးပဲ ကျွန်တော်....
ကျွန်တော်က.....တွေ့..."

"ထယ် သတိထား ထယ် ကိုကို့ကိုကြည့်ထယ်သတိထားလေ ဘာမှမဖြစ်ဘူး စိတ်လျှော့ သတိထား အသက်ကိုမှန်မှန်ရှူ ဖြေးဖြေးခြင်းရှူသွင်း အဆင်ပြေမှာပါ ဘာမှမဖြစ်ဘူးနော် စိတ်လျှော့"

Be Happy  √ Completed √Where stories live. Discover now