ep 20

4.1K 400 16
                                    

#Unicode
ထယ်ယောင်းမနက်အိပ်ယာနိုးလာတော့
ဘေးနားကကိုကိုကအိပ်မောကျနေတုန်း။
ဆံပင်လေးတွေကနဖူးပေါ်ကျနေပြီး
T-shirtပွပွနဲ့ကိုကိုက ကုမ္ပဏီသွားတဲ့ပုံနဲ့တခြားစီ။
မျက်နှာလေးကိုအသာဖွဖွကိုင်ပြီးကြည့်နေရင်းထယ်ယောင်းခါးပေါ်က ကိုကို့လက်တွေကတင်းကြပ်စွာပွေ့ဖက်လာသည်။

"ကိုကိုနိုးနေပြီလား"

"အိပ်ချင်သေးတယ်"

ကိုကို့အသံကအိပ်ယာနိုးကာစအသံဖြစ်နေတာ။
ကိုကို့မေးဖျားလေးကိုနမ်းပြီး
ထယ်ယောင်းကိုကို့ရင်ခွင်ထဲမှာငြိမ်နေလိုက်သည်။

"ဘာလို့အစောကြီးနိုးနေတာလဲထယ်လေးရဲ့"

"မစောတော့ဘူးလေ ကိုကို
ကုမ္ပဏီ မသွားဘူးလား"

"ကိုကိုအလုပ်နားရက်ယူထားတယ်
ဂျင်ဂူးကိုခဏလွှဲထားတယ်လေ
ကိုကိုတို့အိမ်ပြောင်းရမယ်
ပြီးတော့ထယ်နဲ့ပင်လယ်သွားကြည့်မယ်"

ကိုကိုပြောမှသတိရသည်။
ဟုတ်တာပေါ့ ကိုကိုနဲ့ပင်လယ်သွားချင်တာသူ့ဆန္ဒ။

"ကိုကို ခဏနေအုံးနားရက်ယူထားတာဆိုတော့လေ diaryစာအုပ်ပြမယ်"

ကိုကိုနားရက်ရတဲ့နေ့တွေမှာ
ထယ်ယောင်း ပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်သန်းချင်ပါသည်။

ဂျောင်ဂုကိုပြောပြီးတာနဲ့ရင်ခွင်ထဲကထသွားသောကောင်လေးကိုကြည့်နေလိုက်သည်။
စာကြည့်စားပွဲပေါ်မှာရှိနေတဲ့
ခရမ်းနုရောင်စာအုပ်လေးက
သစ်မနေတော့ပေမယ့်အရမ်းလည်းဟောင်းနေတာမဟုတ်။
အဲ့စာအုပ်လေးကိုယူပြီးတာနဲ့ကုတင်ပေါ်ပြန်တက်လာသောထယ်လေးက
ဂျောင်ဂုရင်ခွင်ထဲပြန်ဝင်လာပြီးစာအုပ်ပြတော့သည်။

"ကိုကို ဒီမှာကြည့် ဒါတွေလုပ်ပေး"

ထယ်လေးပြတဲ့စာကြောင်းလေးကိုကြည့်လိုက်တော့ရက်စွဲလေးနဲ့သူပြောတာတွေကိုမှတ်ထားတာ။

25 December 2005

ကိုကိုနဲ့ဘူဆန်ကခြံကြီးထဲမှာစတွေ့တယ် လမ်းပျောက်နေတဲ့ထယ်ထယ်ကို
အိမ်ပြန်ပို့ပေးခဲ့တာ.....
မနက်ဖြန်စောစောထပြီးကိုကိုလိမ္မော်သီးခူးတဲ့နေရာကိုသွားမယ်။

Be Happy  √ Completed √Where stories live. Discover now