ep 11⛄

3.9K 460 25
                                    

#Unicode
ထယ်ယောင်းကိုကားပေါ်တင်ပြီး
ဂျောင်ဂုညစာစားရမယ့်hotelကိုဦးတည်မောင်းလာရင်းစိတ်တွေလှုပ်ရှားနေမိသည်။ဒါပထမဦးဆုံးသူ့ကားပေါ်မှာထယ်ယောင်းလိုက်ပါလာခြင်းပင်မဟုတ်ပါလား။သူ့နားမှာထိုင်နေပြီးအပြင်ကိုငေးလိုက်အရှေ့ကိုကြည့်လိုက်နဲ့အလုပ်ရှုပ်နေသောကောင်လေးဟာသူ့ကိုနှစ်ပေါင်းများစွာမမှတ်မိပေမယ့်တွေ့ချင်နေတယ်တဲ့လား။တစ်ချို့သောအမှတ်တရတွေကဦးနှောက်ကမေ့သွားပေမယ့်နှလုံးသားကထာဝရအမှတ်တရရှိနေတက်တယ်တဲ့။

"ကျွန်တော်ကားမှန်လေးဖွင့်ပြီးစီးလို့ရမလား"

"ရတာပေါ့ ဒါပေမယ့်ညနေဆိုတော့လေအေးနဲနဲတိုတ်နေတယ်မှန်ကိုတစ်ဝက်ပဲဖွင့်ပေးမယ်နော်"

"ဟုတ် ကျေးဇူးပါ"

"ကျေးဇူးကနောက်လည်းတင်ရအုံးမယ်ထင်တယ် dinner ကအပြန်မှာကိုယ်လိုက်ပို့ရင်း ထယ်ကိုအရေးကြီးတာပြောစရာရှိတယ်"

"ဟုတ်ကဲ့"

သူ့ကိုလှည့်ကြည့်ကာပြုံးပြီးဟုတ်ကဲ့ပြောနေသောကောင်လေး။အရင်ကဆို ကိုကိုကဘယ်လိုဆိုပြီးရစ်တက်သောကလေးလေးကအေးဆေးခြင်းတွေနဲ့နေသားကျသွားပြီထင်ပါရဲ့။
ဂျောင်ဂုလည်းhotelရှေ့ရောက်တော့ကားရပ်ကာဆင်းလာလိုက်သည်။
ဂျောင်ဂုရှေ့ကနေ အလုပ်အတွက်လိုအပ်သောဖိုင်တွေကိုကိုင်ပြီးလမ်းလျှောက်နေစဉ်သူ့လက်ကိုဖျက်ခနဲ ဆွဲကာလိုက်လာသောထယ်ယောင်းကိုလှည့်ကြည့်လိုက်မိသည်။

"လူများလို့ ဟီး.."

"ကိုယ့်လက်ကိုအမြဲဆွဲထား လမ်းမပျောက်စေရဘူး"

ထယ်ယောင်းလူများလို့ဆိုတာဆင်ခြေသက်သက်ပါ။နိုင်ငံခြားမှာနေလာတဲ့သူ့အတွက်ဒီလိုနေရာမျိုးတွေကစိမ်းမနေ။မဖြစ်သင့်မှန်းသိပေမယ့် ဂျောင်ဂုသူ့အနားရှိနေရင် ပျော်နေကာအရှိကိုအရှိတိုင်းနေချင်သည်။ဘာကိုမှဟန်မဆောင်ချင်ပဲသူ့စိတ်ထဲရှိရာကိုလုပ်လိုက်မိသည်။ပြန်တွေးကြည့်တော့ကိုယ့်အမလိုချစ်ရတဲ့အမယူမီရဲ့သတို့သားလောင်းဖြစ်နေတော့သည်။
ထိတ်လန့်မှု့နဲ့အတူနောက်ဆုတ်မှရမည်လို့အသိဝင်လိုက်ချိန်ထယ်ယောင်းလက်တွေအေးစက်နေတော့သည်။

Be Happy  √ Completed √Where stories live. Discover now