ep 4 ⛄

4.2K 522 89
                                    

#Unicode
ဂျင်ဂူးတစ်ယောက်ကျောင်းဝန်းထဲမှာရပ်ကာသူ့သူငယ်ချင်းကိုအံ့ဩစွာကြည့်နေမိသည်။အခုမှသဘောပေါက်တာကဘူဆန်ခြံထဲကကောင်လေးဆိုတာထယ်ယောင်းဖြစ်နေတာပဲ။ဂျောင်ဂုစရောက်ထဲကသူတို့နှစ်ယောက်သူငယ်ချင်းတွေဖြစ်ခဲ့ကြသည်။ဂျောင်ဂုတို့အခုငှားနေတဲ့အိမ်ကဂျင်ဂူးတို့ပိုင်တဲ့အိမ်ဖြစ်သည်။

"ထယ် ဒါက ကိုကို့သူငယ်ချင်း
ဂျန်ဂျင်ဂူးတဲ့ ခြံကြီးထဲကအရင်ကြီးကြပ်ရေးမှူးရဲ့တူလေ"

"ဟုတ်ကဲ့ ကျွန်တော့်ကိုညီလေးတစ်ယောက်လို ခေါ်ပါခင်ပါ အကို"

"ထယ်ယောင်းက သဘောကောင်းလိုက်တာ အကိုတို့ကသိပေမယ့်
ထယ်ယောင်းကိုစကားမပြောရဲတာ"

ထယ်ယောင်းမှာကျောင်းသာတက်နေရပေမယ့် သူငယ်ချင်းများများမရှိ။ဟိုလူနဲ့မပေါင်းနဲ့ဒီလူတွေနဲ့သူငယ်ချင်းအနေနဲ့နေဆိုတဲ့စကားလုံးများနဲ့သာရင်းနှီးခဲ့ရတယ်။အခုလက်ရှိသူငယ်ချင်းများကအကုန်လုံးထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်အများစုကဆင်းသက်လာသောသူများသာ။ဘယ်စကားကအစစ်မှန်နွေးထွေးမှု့သူငယ်ချင်းသံယောဇဉ်လဲဆိုတာမသိရ။စီးပွားရေးအဆင်မပြေဖြစ်သွားရင်အဲ့တစ်ယောက်ကအလိုလိုအပယ်ခံဖြစ်သွားရတယ်။ဒါတွေကထယ်ယောင်းကြုံနေရတဲ့ပတ်ဝန်းကျင်အသိုင်းဝိုင်းဖြစ်သည်။တစ်ယောက်နဲ့တစ်ယောက်ဖြူစင်တဲ့သံယောဇဉ်တွေသာရှိသောသူငယ်ချင်းများကိုသာလိုအပ်သည်။

"ငါတို့ကျောင်းတက်တော့မယ်သွားရအောင် ဂျောင်ဂု"

"ကိုကို နေ့ခင်းထမင်းစားချိန်မှာထယ်လာခဲ့မယ် ကိုကို့အခန်းရှေ့ကို"

"ထယ်သိလို့လား ကိုကို့အခန်းကို"

"ထယ်ကဒီမှာကျွမ်းပါတယ် ကိုကိုရ
ဟီး...လမ်းမပျောက်ပါဘူး"

ဂျောင်ဂုတစ်ယောက်ခပ်ဟဟလေးရယ်မိသည်။ဒီမှာသူကလူတက်ကြီးပါလို့ထင်အောင်မျက်ခုံးပါပင့်ပြနေသောထယ်ယောင်းကိုမြင်နေရတာမယုံကြည်နိုင်သေး။

"Okထယ် နေ့ခင်းမှတွေ့ကြမယ်"

သူ့ကိုနှုတ်ဆက်ကာစာသင်ခန်းသို့ပြေးသွားသောထယ်ယောင်းကိုဂျောင်ဂုမှာပြုံးပြီးကြည့်နေမိသည်။အမေတို့သာသိရင်ဝမ်းသာနေတော့မှာမလွဲ။ဂျောင်ဂုလဲစာသင်ခန်းသို့သာလာလိုက်သည်။

Be Happy  √ Completed √Where stories live. Discover now