ep 6 ⛄

3.6K 451 32
                                    

#Unicode
မနက်ကျောင်းရောက်တော့ကိုကိုကစောင့်နေသည်။မွေးနေ့လက်ဆောင်လေးကိုယူကာ ကိုကို့ဆီသွားလိုက်သည်။

"ကိုကို့အတွက် မွေးနေ့လက်ဆောင်"

"မလိုပါဘူးထယ်ရယ် ကိုကို့အနားမှာထယ်ရှိနေတာကိုက တန်ဖိုးဖြတ်လို့မရတဲ့လက်ဆောင်လေးပါ"

"ဒီမှာနာရီလေး ကိုကိုလုပ်ငန်းစပြီးလုပ်မှဝတ်နော် ဒါကhoodieလေးမွေးနေ့ကြဆင်တူဝတ်မယ်ထယ်လည်းဝယ်ထားတယ်"

"ဟုတ်ကဲ့ပါဗျာ ထယ်လေးစိတ်တိုင်းကျပါ"

ကိုကို့ရဲ့မွေးနေ့ကိုအတူတူဖြတ်သန်းရမှာပျော်စရာကြီးဖြစ်နေတော့တယ်။
စနေနေ့ဆိုတော့အိမ်ကနေဘယ်လိုထွက်ရပါ့မလဲ။

သူဌေးကင်မ်ဆီဝင်လာသောဓာတ်ပုံတစ်ချို့ကိုတွေ့လိုက်ရသည်။လက်ဆောင်ပေးနေသောပုံများနဲ့ရယ်မောနေသောထယ်လေးကိုတွေ့ရသည်။နောက်ထပ်ရောက်လာတဲ့စာက
ဂျွန်ဂျောင်ဂု အထက်တန်းနောက်ဆုံးနှစ်
ဒီနှစ်မှကျောင်းပြောင်းလာတာဖြစ်နေသည်။သူမအခုမှတွေးမိတာကပေါင်မုန့်ယူလာတာရယ်သူ့အမေကိုခေါ်ပြီးကုန်တိုက်ကိုထွက်သွားတာကဒါကြောင့်ကိုး။အိမ်ကအလုပ်သမားတစ်ယောက်ကိုထယ်အခန်းထဲဝင်ခိုင်းပြီးပေါင်မုန့်အိတ်ကိုဓာတ်ပုံရိုက်ပြီးပို့ခိုင်းတော့ဆိုင်နာမည်သိလိုက်ရသည်။နောက်ဆုံးတော့ဒီကောင်လေးပြန်ရောက်လာတာပဲဖြစ်သည်။

"အတွင်းရေးမှူးဆော မနက်ဖြန်ကျလုံခြုံရေး၃ယောက်လောက်အိမ်ကိုမနက်၄နာရီထဲကထားပေးပါ"

"ဟုတ်ကဲ့ သူဌေးကျွန်မစီစဉ်လိုက်ပါ့မယ်"

စနေနေ့ကိုမွေးနေ့မလို့ထယ်ကိုကားဂိတ်မှာလာခေါ်မယ့်အကြောင်းပါသိရသည်။ငါ့မြေးကိုများbusကားနဲ့ရာရာစစမတူမတန်တွေလုပ်အုံးမယ်ပေါ့ ကင်မ်မီရီအကြောင်းမသိသေးပါဘူး။

အိမ်ပြန်ရောက်တော့မနက်ကိုကို့အိမ်သွားမလို့အင်္ကျီရွေးနေတုန်းအပြင်ကတံခါးခေါက်သံကြားလိုက်ရသည်။

"ဘယ်သူလဲ"

"ဖွားဖွားပါ တံခါးဖွင့်ပေးအုံး"

ထယ်ယောင်းလည်းတံခါးသွားဖွင့်လိုက်သည်။အင်္ကျီတွေပြန်မသိမ်းပဲဒီတိုင်းထားလိုက်တယ်မီးရောင်အောက်မှာပိုမှိန်နေတက်တာမျိုးပေါ့လေတွေ့ချင်လဲတွေ့ပါစေတော့။

Be Happy  √ Completed √Kde žijí příběhy. Začni objevovat