ep 13⛄

3.7K 442 23
                                    

#Unicode
ယူမီမနက်အစောကြီးထလာပြီး
ထယ်ယောင်းသက်သာလားဆိုတာသိချင်ဇောနဲ့လာခဲ့မိသည်။ကိုယ့်ရဲ့မောင်လေးလိုချစ်ရတဲ့ကလေးလေးမလို့စိတ်ပူနေမိတာလည်းပါသည်။နိုင်ငံခြားမှာကျောင်းတက်တုန်းကလည်းအခုလိုနေမကောင်းဖြစ်လို့ယူမီတို့သူငယ်ချင်းများကဆေးရုံမှာလိုက်စောင့်ပေးခဲ့ကြသည်။နောက်တစ်ခုစိတ်ထဲမှာထင့်နေတာကထယ်ယောင်းနဲ့ကို ကဘယ်လိုပတ်သတ်နေတာလဲ။ဖြစ်ခဲ့သမျှတွေကိုအခုမှဆက်စပ်ကာပြန်တွေးနေမိသည်။စိတ်ထဲမှာလေးလာမိသောအကြောင်းအရာများကတရိပ်ရိပ်ပေါ်လို့လာခဲ့သည်။လေဆိပ်မှာစတွေ့တုန်းက ကို့ရဲ့ပုံစံ။ ရုံးခန်းထဲခေါ်မလာလို့ချက်ချင်းသွားခေါ်လာသူ ထယ်လေးအကြောင်းပြောပြရင်စိတ်ဝင်တစားနားထောင်ပြီးသူသိချင်တာတွေပါမေးခဲ့တာတွေ။အခုယူမီမျက်စိရှေ့မှာတင်ဖြစ်သွားသောထယ်လေးရဲ့ပုံစံနဲ့အဖြစ်အပျက်များကိုမြင်ယောင်လာရင်းရင်မောနေမိတော့သည်။မကောင်းတာများဘာတစ်ခုမှမကြုံရပါစေနဲ့လို့သာရင်ဝယ်ပိုက်ရင်းဆေးရုံဝန်းထဲသို့ကားလေးကဆိုက်ရောက်လာခဲ့သည်။ဆေးရုံရောက်တော့ထယ်လေးအခန်းရှေ့တံခါးမှန်ကနေတွေ့လိုက်ရသောကို။ကုမ္ပဏီသွားတဲ့အင်္ကျီပါလဲထားပုံမပေါ်တော့ညထဲကရှိနေတာလား။ပြီးတော့ထယ်ယောင်းအမေနဲ့ပြောနေသောစကားများကိုခပ်ဟဟဖွင့်ထားတဲ့တံခါးအပြင်ကနေ
မထင်မှတ်ဘဲကြားခဲ့ရသည်။နောက်ဆုံးမှာကြားရသောစကားတစ်ခွန်းက ယူမီကိုဖြောင်းဖျနိုင်မှာပါတဲ့။ကျေးဇူးပြုပြီးကျွန်မဘက်ကိုကြည့်ပေးပါကို ကျွန်မလည်းကို့ရဲ့ကာကွယ်ပေးတာကိုလိုချင်ပါတယ်။ငယ်ငယ်ထဲကသိလာခဲ့တဲ့ကို့ ကိုအကိုတစ်ယောက်လိုချစ်သူတစ်ယောက်လိုအိမ်ထောင်ဦးစီးတစ်ယောက်လိုမျိုးအားကိုးချင်မိတာအမှားလား။ကျွန်မပြိုလဲသွားလိမ့်မယ်ထင်ပါရဲ့ကျေးဇူးပြုပြီးကျွန်မကိုထိန်းထားပေးပါ တစ်သက်နဲ့တစ်ကိုယ်မစဉ်းစားဖူးသောအတ္တဆိုတာကိုကြီးမိတော့မယ်ထင်တယ်။ရုပ်တရက်ဆန်လွန်းတော့ယူမီဘာလုပ်ရမယ်မှန်းမသိ။ဂျောင်ဂုထွက်လာခါနီးမှာအခန်းထောင့်အကွယ်မှာရပ်နေမိသည်။ခဏအကြာမှာပြန်ဖို့နောက်လှည့်လိုက်တော့သူ့ကိုရပ်ကြည့်နေသောထယ်ယောင်းကိုတွေ့လိုက်ရသည်။

Be Happy  √ Completed √Where stories live. Discover now