ep 5 ⛄

3.9K 476 49
                                    

#Unicode
ဂျောင်ဂုတစ်ယောက်မနက်အစောကြီးထကာ ပဲပေါင်မုန့်လုပ်နေရင်း သူနဲ့မေမေစပြီးလုပ်ကြည့်နေသောအုန်းသီးကိတ်လေးကိုပါလုပ်သွားပြီးထယ်ကိုမြည်းကြည့်စေရန်စဉ်းစားရင်းကိတ်လေးပါလုပ်နေလိုက်သည်။

"သားအုန်းသီးကိတ်ပါလုပ်နေတာလား"

"ဟုတ်မေမေ"

"အဲ့ကိတ်ကိုသားနောက်ကြမှmenu ထဲထည့်မယ်ဆိုလို့မေမေတောင်မရောင်းရဘူး"

"ဟီး မေမေ နောက်မှရောင်းမယ်နော်အခုကထယ်စားဖို့လေ"

"မေမေကထယ်လေးကိုသတိရပါတယ်လို့ပြောပေးနော် သားမွေးနေ့ကြထယ်ကိုခဏလာလို့ရရင်လာခိုင်းပါလား"

"မဖြစ်ပါဘူး မေမေရယ် သူ့အဖွားသိရင်ကလေးမလွယ်ဘူး"

"ဟုတ်ပါတယ်လေ"

သူ့အဖွားကိုကြောက်လို့မဟုတ်ပေမယ့်ထယ်အနေခက်မှာစိုးရိမ်တယ်။အခုအခြေအနေကကာကွယ်ပေးလို့မရသေးတဲ့အချိန်ဖြစ်နေသည်။ဂျောင်ဂုအားလုံးပြီးစီးသွားတော့ဘူးလေးတွေထဲမှာမုန့်တွေထည့်လိုက်သည်။မနက်စာစားကျောင်းသွားဖို့ပြင်နေရင်း အိမ်ရှေ့မှာကားဟွန်းတီးသံကြားလိုက်ရသည်။သေချာတာတော့ယူမီလာခေါ်တာဖြစ်လိမ့်မည်။ကျောပိုးအိတ်ယူကာအိမ်ရှေ့ထွက်လာတော့ယူမီက ကားပေါ်မှဆင်းစောင့်နေသည်။

"ဂျောင်ဂု ဒီနေ့လည်းယူမီနဲ့ပဲလိုက်ခဲ့နော်"

"ယူမီ နောက်နေ့ကြလာမခေါ်ပါနဲ့လမ်းလဲကျဉ်းတော့ကားအဝင်အထွက်ခက်မှာစိုးလို့ကျွန်တော်လဲ ဂျင်ဂူးကိုထားပြီးသွားရတာအားနာတယ်"

"Ok တစ်ခါတစ်လေပဲလာခေါ်ခွင့်ပြု
သွားကြမယ်"

ဂျောင်ဂုကိုပြုံးပြကာ ကားပေါ်သို့သွက်သွက်လက်လက်တက်သွားသောကောင်မလေး။စတွေ့ထဲကရင်းနှီးစွာပြောဆိုနေထိုင်သည်။သဘောကောင်းတယ်ပွင့်လင်းပြီးထက်မြတ်တယ်။

"လက်ထဲက မုန့်တွေလား နေ့လည်စာအတွက်လားဂျောင်ဂု"

"အာ..မဟုတ်ပါဘူး ကျောင်းက အရင်ထဲကသိနေတဲ့ကလေးလေးအတွက်ပါ"

ယူမီကဘာမှဆက်မမေးပဲသူ့ရဲ့သွားတက်လေးပေါ်အောင်ပြုံးပြကာခေါင်းတဆက်ဆက်ငြှိမ့်ရင်းပြန်လှည့်သွားသည်။ကျောင်းပေါက်ရောက်တော့
ကားရပ်ပေးကာဂျောင်ဂုလည်းယူမီကိုနှုတ်ဆက်ပြီးဆင်းလာလိုက်သည်။

Be Happy  √ Completed √Where stories live. Discover now