Part(8)

307 18 0
                                    

Unicode//

တိတ်ဆိတ်ခြင်း ကြီးစိုးသော လမိုက်ည ။
မှောင်မိုက်သော အိမ်‌ေတာ် ။
အကျည်းတန်သော အခန်းကျဉ်း ။
သူ့ဒေါသကို ဖြေသိမ့်ရာ သူ့စိတ်ဖြေရာ နေရာတစ်ခု ။

အခန်းဝတွင် အမည်းရောင်ဝမ်းဆက်ဝတ်ထားတဲ့ လူတစ်စုက အသင့်စောင့်ကြိုနေသည် ။
သူမေးငေါ့‌ပြလိုက်သောအခါ ခိုင်းသည့်အတိုင်း လုပ်ပြီးကြောင်း ပြိုင်တူခေါင်းငြိမ့်ပြကြသည် ။
သူတပည့်များအား လက်ပြ၍ အဝေးသို့ထွက်သွားစေကာ အခန်းတွင်းသို့ တစ်လှမ်းချင်း လှမ်းဝင်ခဲ့ပေသည်။

' ကျွီ..... '

အခန်းတံခါး ဖြည်းညင်းစွာ ပွင့်လာခဲ့သည် ။
အဝတ်အုပ်ထားသည့်တိုင် စူးရှသောအလင်းရောင်က မျက်လုံးသို့တိုက်ရိုက် ထိုးနေသောကြောင့် ခေါင်းလွှဲလိုက်ရသည် ။

ဖိနပ်သံ.....
တစ်လှမ်းချင်း ဖြည်းနှေးစွာ လှမ်းလာသော ဖိနပ်သံ
တဖြည်းဖြည်းနှင့် နီးကပ်လာခဲ့သည် ။
ရပ်.....ရပ်သွားပြီ ဖိနပ်သံ ရပ်သွားပြီ ။
တုန်လှုပ်မှုက တစ်ကိုယ်လုံးသို့ ဖြန့်ကျက်လျက် ။
စိုးရိမ်ထိတ်လန့်မှုများက လွှမ်းမိုးနေခဲ့သည် ။

ခေါင်း‌တွင်စွပ်ထားသော အမည်းရောင်အဝတ်ကြီးကို ဖယ်လိုက်သော်လည်း စကားပြော၍မရသေး ။ပါးစပ်တွင် စည်းနှောင်ထားသေးသည် ။
နဂိုကတည်းကပင် လမ်းလျှောက်ခြင်းမစွမ်းနိုင်၍ ထွက်ပြေးဖို့ကား မဖြစ်နိုင် ။ သို့ကြောင့် ခြေထောက်တွင်တော့ ကြိုးများစည်းနှောင်မထား ။
လက်နှစ်ဖက်တွင်ကား ရုန်းဖို့မပြောနှင့် လှုပ်၍ပင်မရနိုင်အောင် ကြိုးများဖြင့် တုပ်နှောင်ထားသည် ။

မျက်နှာ.... တစ်ဖက်ကလူရဲ့မျက်နှာကို သေချာစွာ မမြင်ရ ။
အလင်းကိုကွယ်၍ရှိနေခြင်းကြောင့်လည်းကောင်း အဝတ်အုပ်တာ ကြာနေပြီဖြစ်သောကြောင့် မျက်လုံးဝါးနေ၍လည်းကောင်း တစ်ဖက်လူကို ကောင်းကောင်းမမြင်ရ ။

ကျွန်တော် တစ်ခုခုပြောဖို့ ကြိုးစားနေသည်ကို သိ၍ထင် ပါးစပ်တွင် စည်းထားသော အဝတ်ကို ဖြည်ပေးသည် ။

" မင်း မင်း ဘယ်သူလဲ ငါ့ကို ဘာလို့ ဖမ်းတာလဲ မင်းက ဘယ်သူလဲ ငါ မသိဘူး ငါ မင်းကို မသိဘူး ငါ့ကို အခုလွှတ်ပေး "

ကြွေပန်း(Unicode+Zawgi)Where stories live. Discover now