Part(13)

237 16 8
                                    

Unicode//

" ဝါးးးးးးး "

ဇွန်ဖြိုးတစ်ယောက် သမ်းဝေရင်း အိပ်ယာမှ နိုးထလာခဲ့သည် ။ ဒီနေ့လေးကို မျှော်လင့်ခဲ့ရသည် ။ ဒီနေ့လေးအား စောင့်စားခဲ့ရသည် ။

ပြက္ခဒိန်ကို ကြည့်မိတော့ မေလ ၂၃ ရက်နေ့
အသည်းပုံစတစ်ကာလေး တစ်ခုက ထင်ရှားစေသော အမှတ်အသားတစ်ခု ။ ကိုခွန်းစစ် မွေးဖွားခဲ့သည့်နေ့ ။
ကျွန်တော့်သော့ချက်လေး ပေါ်ပေါက်‌လာစေခဲ့တဲ့နေ့ ။

ရက်စွဲလေးကို ကြည့်ပြီး အနူးညံ့ဆုံးပြုံးလိုက်သည် ။
ကိုခွန်းစစ် အသက် ၂၂ ပြည့်တဲ့‌မွေးနေ့လေးအား ကျွန်တော်ကိုယ်တိုင် ကျင်းပ‌ေပးချင်သည် ။
မွေးနေ့ရှင်ကား သတိမှ ရ‌ပါမည်လား ။

အနိုးကြားဆုံးသော တက်ကြွမှုများဖြင့် ပျော်ရွှင်သော နေ့တစ်နေ့အား စတင်လိုက်သည် ။

" ဒေါက်...ဒေါက်...."

အခန်းတံခါးခေါက်သံ ပေါ်ပေါက်လာခဲ့သည် ။ ကျွန်တော့်အခန်းတံခါးခေါက်သည့်သူသည် ကိုခွန်းစစ်သာလျှင် ရှိမည် ။

" ဟုတ် ကိုခွန်းစစ် ဝင်ခဲ့လေဗျာ "

အခန်းထဲသို့ ဝင်လာသောကိုခွန်းစစ်သည် ဝတ်စုံပြည့်ဝတ်ဆင်ပြီးနေပြီ ဖြစ်သည် ။ ဒီနေ့ ရုံးသွားမည် ထင်သည် ။ မွေးနေ့ကို မေ့နေသည်မှာ ရာနှုန်းပြည့် သေချာနေပါပြီ ။

" ကိုယ် ဒီနေ့ ရုံးသွားရမယ် ဖြိုးလေး ရှယ်ယာရှင်အစည်းအဝေးရှိတယ် ကိုယ် စောစောပြန်လာခဲ့ပါ့မယ် "

" ရပါတယ် ဖြည်းဖြည်း အလုပ်ပြီးမှ ပြန်လာခဲ့ပါဗျာ "

" အိမ်ထဲကနေ လျှောက်မသွားနဲ့နော် "

ကျောင်းပိတ်ရက်မို့ ကျောင်းသွားစရာမလိုသောကြောင့် အိမ်ပြင်မထွက်ရန် မှာကြားနေသည် ။

" ဟီးးးစိတ်ချပါနော် "

" ကိုယ့်ကလေးလေးက ချစ်ဖို့ကောင်းချက်ကွာ "

အညိုရောင်ဆံနွယ်များအား လက်ချောင်းများဖြင့် ဖွဖွလေး ထိုးဖွနေပေသည် ။

" ဟာ ဆံပင်တွေ ရှုပ်ကုန်ပြီလေ ကိုခွန်းစစ်ကလည်း "

" ဟားးးဟားး ဟုတ်ပါပြီဗျာ မလုပ်တော့ဘူး "

ကြွေပန်း(Unicode+Zawgi)Where stories live. Discover now