Part(11)

278 18 0
                                    

Unicode//

အိပ်ယာထဲ လဲလျောင်းနေသည့်တိုင် အိပ်စက်ခြင်းစီသို့ မကူးပြောင်းနိုင်သေး ။
အတွေးထဲတွင် ရှာဖွေနေမိဆဲ ။

" လခွမ်း ကျောင်းသားရေးရာက ဘာလို့ ထားထားတာလဲ
အာ့မှာ ငယ်လေးလိပ်စာ တောင်းလို့ရတာဘဲ "

တစ်ယောက်သောသူဆီ သွားချင်သော စိတ်အလျဉ်က ကြီးစိုးနေသောကြောင့် ထိုအရာကို မတွေးမိခဲ့ချေ ။
ကျောင်းသားရေးရာဆီသို့ သွားရန် အိပ်ယာမှ ထလိုက်မိသည် ။
သို့သော် အိမ်အပြင်ပင် မရောက်သေး အတွေးတစ်ခုက ခေါင်းထဲသို့ ဝင်ရောက်လာသည် ။

" ဟာ မိုးချုပ်နေပြီဘဲ ဒီအချိန်သွားလို့မှ မရတော့တာ မနက်ကျမှ စောစောသွားရမယ် "

မနက်ကျ ကျောင်းကို စောစော သွားမယ် ။
အတန်းမသွားဘဲ ကျောင်းသားရေးရာကို သွားပြီး ငယ်လေးလိပ်စာ တောင်းမယ် ။
ကျောင်းလစ်ပြီး ငယ်လေးအိမ်ကို လိုက်သွားမယ် ။
ခေါင်းထဲတွင် လုပ်ငန်းများကို တန်းစီပြီး စီစဉ်ထားမိသည် ။

.........................

ညစာစားပြီး စာကြည့်ခန်းထဲ အလုပ်လုပ်နေစဉ် ဘေးနားသို့ ဖြိုးလေး ရောက်လာသည် ။
ခပ်တည်တည်ဖြင့် မသိချင်ယောင်ဆောင်ကာ ကွန်ပြူတာကို အာရုံစိုက်ကြည့်နေလိုက်သည် ။
ထိုင်ခုံအား ကျွန်တော့်ဘေးသို့ ပို၍ တိုးကပ်လာသည် ။

" အဟမ်း အဟမ်း "

ချောင်းသံပေး၍ ဂရုစိုက်အောင် လုပ်ပြန်သေးသည် ။

" အာ့ "

ကျွန်တော့်ဘေးသို့ ထိုင်ခုံကို ပိုတိုးကပ်ရာမှ ချော်လဲခြင်း ဖြစ်သည် ။ ‌ကျွန်တော့်ပေါ်သို့လဲ၍ တော်သေးသည် ဟု ဆိုရမည် ။ မဟုတ်လျှင် ကျွန်တော့်ကြောင့် ဖြိုးလေး ထပ်နာကျင်ရပေအုံးမည် ။
လဲတော့မှာပေါ့ ရွှေ့တော့လည်း ထိုင်ရက်နဲ့ ရွှေ့တယ် မျက်လုံးကလည်း သေချာကြည့်မ‌ေရွှ့ဘဲ ကျွန်တော့်ကိုဘဲ ကြည့်နေသည်ကို

" ဘာဖြစ်သွားသေးလဲ ဖြိုးလေး ဂရုစိုက်မှပေါ့ကွာ လုပ်လိုက်ရင် ရှပ်ပြာ ရှပ်ပြာ နဲ့ "

" ကိုခွန်းစစ်ကမှ ကျွန်တော့်ကို ဂရုမစိုက်တာကို အာ့ကြောင့် ဖြစ်တာ "

ကြွေပန်း(Unicode+Zawgi)Where stories live. Discover now