Part (16)

213 11 4
                                    

Unicode//

မနက် ငါးနာရီကတည်းက တက်ကြွသော​​ခြေလှမ်းများဖြင့် အိမ်မှထွက်ခဲ့သည် ။ လမ်းသွားရင်း သီချင်းနားမထောင်စဖူး Pink Sweat ရဲ့ perfect သီချင်းအား နားကျပ်လေးတပ်ရင်း နား​ေထာင်လာမိသည် ။ ရတဲ့​နေရာများဆိုလျှင် သီချင်းပါလိုက်ညည်းနေမိသေးသည် ။ အိမ်မှ လမ်းထိပ်သို့သွားသော ခြေလှမ်းများသည် တက်ကြွရွှင်မြူးလျက် ။ တစ်ခါ တစ်ခါ ခုန်တောင် ခုန်ပေါက်မိမယ်ထင်ရဲ့.......

ဘက်စ်ကားဖြင့်ပင် ဆေးရုံသို့သွားရသည် ။ Taxi ငှားဖို့လောက်ထိတော့ ပိုက်ဆံသိပ်မပေါ ။ မပေါသည့်ကြားကပင် ဘက်စ်ကားဆရာအား " ပိုတာပြန်မအမ်းပါနဲ့တော့ဗျာ " ဟု ပြောမိသေးသည် ။

ဒီနေ့က ကျွန်တော်ချစ်ရသူ ဆေးရုံဆင်းရမည့်နေ့မို့ပင် ။ ဆေးရုံဝင်းအတွင်းရှိ ဆရာဝန် သုနာပြု လူနာများအပြင် သန့်ရှင်းရေးဝန်ထမ်းများကအစ တွေ့သမျှလူများအား သွားဖြီးပြနေမိသည် ။ ရွှင်မြူးတက်ကြွသောခြေလှမ်းများဖြင့် လှေကားမှပက် တက်သွားလိုက်သည် ။ ဓာတ်လှေကားစောင့်ရန်ပင် စိတ်ကသိပ်မရှည်ချင် ။

ဟူးးးရောက်ပြီ နောက်ဆုံးတော့ ကျွန်တော်ချစ်ရသူ၏အခန်းရှေ့......
အတတ်နိုင်ဆုံး တည်ငြိမ်အောင်ပြင်ဆင်ပြီး အခန်းတံခါးကို ဖြည်းညင်းစွာ တွန်းဖွင့်မိတော့.........ထပ်တူကျနေခဲ့တဲ့ နှုတ်ခမ်းများအား အမှတ်မထင် မြင်တွေ့ရသည် ။ တစ်ဖက်လူကား ကျွန်တော်အရမ်းချစ်ရသူ ။ ကျန်သူကား သူ၏အသက်ထက်ပိုတွယ်တာရသူ ။ ကျွန်တော့်အတွက် နေရာမရှိတော့ဘဲ ။ ကျွန်တော်က လူပိုတစ်ယောက်ဘဲ ။ ဒီနေရာမှာ ကျွန်တော်ဆက်နေဖို့မှ မသင့်ဘဲ ။ ဘယ်နှကြိမ်တောင် ရှိနေပါပြီလဲ ။ အခန်းရှေ့တွင်ပင် ရပ်ကြည့်နေခဲ့ရတာ....အခန်းရှေ့ကပင် လှည့်ပြန်ခဲ့ရတာ...... ဘယ်နှကြိမ်တောင်လဲ......

ဂယက်ရိုက်နေခဲ့သော ရင်ဘတ်အား လက်ဖြင့် တင်းကြပ်စွာ ဖိထားမိသည် ။ ယိမ်းယိုင်ကာ ခွေလဲတော့မည့် ခြေထောက်များအား အတတ်နိုင်ဆုံးအားယူကာ တည်ငြိမ်အောင် လျှောက်လှမ်းနေရသည် ။ လှေကားကမဆင်းနိုင်တော့ ဓာတ်လှေကားဖြင့်သာ ဆင်းလာခဲ့သည် ။ အလာလမ်းနှင့်မတူစွာ မျက်နှာညှိုးလာသော ကျွန်တော့်အား ဆေးရုံဝင်းအတွင်းမှလူများ ကြည့်နေလား၊ ကြည့်မနေလားပင် သတိမထားမိ ။ ကြည့်နေခဲ့သည် ထင်သည် ။

ကြွေပန်း(Unicode+Zawgi)Where stories live. Discover now