Part(18)

219 13 8
                                    

Unicode//

ပန်းခင်းကြီးကို ငေးကြည့်နေခိုက် မက်ဆေ့ဂ်ျပို့သောကြောင့် ကြည့်မိတော့ ခုနက ဖုန်းနံပါတ်ပင် ။ အရေးကြီးကိစ္စတစ်ခုခုရှိ၍ ဖြစ်မည် ။ မက်ဆေ့ဂ်ျကို ကြည့်လိုက်တော့ ဓာတ်ပုံတွေ ပို့ထားခြင်းပင် ။

ဓာတ်ပုံ.......ဓာတ်ပုံ.......
ရိုးရိုးရှင်းရှင်းတွေးလျှင်တော့ ဓာတ်ပုံများသည် အမှတ်တရများကို သိမ်းဆည်းခြင်းတစ်ခုလေ ။ ဤဓာတ်ပုံများကတော့........

ဖြိုးလေး....ဖြိုးလေးက ယောက်ျားတစ်ယောက်ရဲ့ရင်ခွင်ထက် မှေးစက်နေသည်တဲ့ ။ အဝတ်ဗလာနဲ့ ယောကျာ်းတစ်ယောက်၏အပါးမှာ အိပ်စက်နေခဲ့တဲ့ ပုံရိပ်ဖြူ...... ဘေးရှိယောကျာ်း၏မျက်နှာကို မမြင်ရ ။ သူ့ပုံဖယ်ပြီး ဖြိုးလေးသာပေါ်အောင် သေချာရိုက်ထားခြင်း ဖြစ်ပေလိမ့်မည် ။

ဓာတ်ပုံတစ်ပုံချင်း တစ်ပုံချင်း ဆွဲကြည့်လိုက်တိုင်း ကျွန်တော့်ရဲ့မျှော်လင့်ချက်တွေ တစ်စချင်း တစ်စချင်း ရိုက်ချိုးခံလိုက်ရသည် ။ ဖြိုးလေးက ကိုယ့်ကို လှည့်စားခဲ့တာလား ကိုယ့်ကို လိမ်ညာခဲ့တာလား ။ သူက ဘယ်သူလဲ ဖြိုးလေး ။ ဖြိုးလေးအတွက် ကိုယ်က ဆော့စရာ ကစားစရာအရုပ်တစ်ခုလား ။ ကိုယ့်ကို လှည့်စားရတာ အရမ်းပျော်ခဲ့လား ဖြိုးလေး ။ မင်းလည်း သူတို့နဲ့ မခြားဘူး ။ မင်းလည်း သူတို့လိုဘဲ ။ ယုံစားမိခဲ့တဲ့ ငါ့အမှား ။ မင်းကို ယုံကြည်လွန်ခဲ့တဲ့ ငါ့အမှားဘဲ ။

ငါက.....ငါထင်ခဲ့တာက......မင်းက ငါ့ကိုတကယ်ချစ်တယ် ငါ့ရဲ့ဘေးနေရတာ ‌မင်းပျော်နေမယ်လို့..... ငါ‌မေ့တာ ငါ့ဘေးမှာ လိုလိုချင်ချင်နဲ့နေချင်တဲ့သူမရှိဘူးဆိုတာကို ငါအတင်းဆွဲမှ ငါ့ဘေးနား မနေချင့်နေချင် နေကြတယ်ဆိုတာကို........ မင်းလည်း သူတို့လိုဘဲလား ဖြိုးလေး... ငါမဆွဲရင် အဝေးကို ပြေးမှာဘဲလား ။

" တောက် "

တိတ်ဆိတ်သောခြံကျယ်ကြီးအတွင်း တောက်ခေါက်သံသည် လိုတာထက် ပိုကျယ်သွားသည် ။ စာတစ်စောင် ထပ်ဝင်လာသောကြောင့် ကြည့်မိတော့ ဖြိုးလေးရှိတဲ့ဟိုတယ်လိပ်စာ ပို့ပေးခြင်းပင် ။ စာပို့တဲ့သူသည် ဘာကြောင့် ဤသို့ ပို့ရသနည်း ။ ဖြိုးလေးနဲ့သူ့အကြောင်းကို ဘာကြောင့် ကျွန်တော့်အား ပြောရသနည်း ။ ခေါင်းထဲတွင် ရှုပ်ထွေးနောက်ကျိလာသည် ။ သို့သော် ဒေါသစိတ်က အနိုင်ယူသွားသောကြောင့် ဆက်မတွေးဖြစ်တော့ ဖြိုးလေးရှိရာ ဟိုတယ်ဆီသို့သာ ကားကို တစ်ရှိန်ထိုး မောင်းထွက်သွားမိသည် ။

ကြွေပန်း(Unicode+Zawgi)Where stories live. Discover now