Part(21) [ END]

791 13 6
                                    

Unicode//

ငယ်လေးကို သူရှာတွေ့ထားတဲ့ အချက်အလက်တွေပြဖို့ လင်းသူခန့် လာခဲ့သည် ။ သို့သော်....သို့သော် သူ မထင်မှတ်ထားသည်များက.....ဇွန်ဖြိုးတို့ လမ်းထဲတွင် ကားတစ်စီးက ဇွန်ဖြိုးကို အရှိန်နှင့် ဖြတ်တိုက်ကာ မောင်းပြေးသွားသည် ။ ကားနံပါတ်လည်း မပါ ။ ဘယ်လိုပြေးသွားမိသည်မသိ ။ သတိရသည့်အချိန်တွင် ငယ်လေးဘေးကို ရောက်ရှိနေခဲ့ပြိ ။ သတိလစ်မေ့မျောလုနီးပါးဖြစ်နေသည့် ငယ်လေးခန္ဓာကိုယ်လေးကို ပွေ့ဖက်ထားမိသည် ။ လက်ထဲတွင် ဆုပ်ကိုင်လာခဲ့သော စာရွက်များကလည်း သွေးစက်များ စွန်းထင်းလျက်....

အတင်းလှုပ်ယူနှိုးသောအခါ ညည်းသံသဲ့သဲ့နှင့်အတူ မျက်လုံးများ ဖြည်းညင်းစွာ ပြန်လည် ပွင့်လာခဲ့သည် ။

" ငယ်လေး...ငယ်လေး...ကိုယ့်အသံကို ကြားလား....ကြားတယ်မလားဟင်....ခဏလေး အားတင်းထားပေးပါနော်...ကိုယ်...ကိုယ်....လူနာတင်ကားခေါ်ထားတယ်.....ခဏနေ ရောက်လာတော့မှာ...အားတင်းထားပေးပါကွာ...တစ်ခါလေး....ဒီတစ်ခါလေးတော့....ကိုယ်တောင်းဆိုတာကို လိုက်လျောပေးပါ....ကိုယ် တောင်းပန်ပါတယ်....."

ပြောနေရင်းမှ မျက်ဝန်းအိမ်ထဲမှ မျက်ရည်စက်တို့သည် ပါးပြင်ထက် ပူနွေးစွာ စီးကျလာခဲ့သည် ။ ပူလောင်သောနေမင်းကြီးလား ပူနေတဲ့ ကတ္တရာလမ်းမကြီးလား ပါးထက်က မျက်ရည်ပူတွေလား...ကျွန်တော့်ရင်ထဲက အပူလောက် ပူလောင်နိုင်ပါ့မလား ။ ဇွန်ဖြ်ိုးခေါင်းတစ်ခုလုံး သွေးများရွှဲနစ်ကာ နေသည် ။ ချစ်ရသူကို ရင်ခွင်ထဲတွင် တင်းကြပ်စွာ ပွေ့ဖက်ထားမိသည် ။ နောက်တစ်ခါ ဘယ်တော့မှ လက်မလွှတ်တော့မည့်အတိုင်း နောက်ထပ် ဘယ်တော့မှ မခွဲခွာတော့မည်အတိုင်း တင်းကြပ်စွာ ပို၍လေးနက်စွာ ပွေ့ဖက်ထားမိသည် ။ ကိုယ့်ရဲ့ပထမဆုံး နဲ့ နောက်ဆုံး တောင်းဆိုမှုကိုတော့ မငြင်းလိုက်ပါနဲ့ ။  မင်း ထွက်သွားဆို ကိုယ် အဝေးဆုံးက်ို ထွက်သွားပေးမှာမို့....မင်းမမြင်ချင်ဘူးဆိုလည်း မမြင်နိုင်မယ့်အရပ်ဆီကို ရှောင်ပုန်းပေးမှာမို့....

သွေးစက်များနှင့် မျက်ရည်စက်များက ရောယှက်နေကာ အကျည်းတန်လွန်းသော ပန်းချီကားတစ်ချပ်ကို ဖန်တီးနေကြသည် ။ အမြဲတစေ လူသွားလူလာ ကင်းရှင်းသည့်လမ်း ဖြစ်သော်လည်း ယခုချိန်တွင် ကင်းရှင်းနေသည့်လူများကို သူကျိန်ဆဲမိသည် ။ ဘေးနားတွင် အကူအညီ တစ်ယောက်တစ်လေမှ ရောက်မလာသည့်အတွက်လည်း မုန်းမိသည် ။ Taxi မငှားလာဘဲ ကားဂိတ်တွင်ဆင်းကာ ခြေကျင်လျှောက်လာမိသည့် ကိုယ့်ကိုယ်ကိုလည်း အမြင်ကပ်သည် ။ Taxi ငှားလာမိလျှင် ဆေးရုံကို တန်းပို့နိုင်မည် ။ အခုတော့.....ဟာကွာ.... မူလဇစ်မြစ်သည် ကိုယ်သာ ဖြစ်နေသည် ။ ကျွန်တော် အသုံးမကျ၍သာ ငယ်လေး ဤသို့ ဖြစ်ရသည် ။ ကျွန်တော်က ဘယ်တော့မှ ငယ်လေးအတွက် ကောင်းကျိုးမပေးဘူး ။ အမြဲ ဒုက္ခအန္တရာယ် တွေဘဲ ပေးနေမိတယ် ။

ကြွေပန်း(Unicode+Zawgi)Where stories live. Discover now