Part(3)

552 38 0
                                    

Unicode//

ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ပြီးလို့ပြန်လာချိန်
မြင်လိုက်ရတဲ့မြင်ကွင်းက......

ပါးချိုင့်လေးတွေပေါ်အောင်ထိရီနေသော ကောင်လေး

သူနဲ့စကားပြောတဲ့ထိကို မှိုင်နေတဲ့‌ေကာင်လေးက
အခုတော့....အခုတော့ ရီနေတယ်

ဖြိုးလေးဘေးနားကလူက ဘယ်သူလည်း
သူက ဖြိုးလေးကိုဘာကြောင့်ရီအောင် လုပ်နိုင်ရတာလဲ

ရီနေတဲ့ကောင်လေးရဲ့မျက်ဝန်းထဲက
မျက်ရည်တွေကိုတော့ သူမမြင်ခဲ့....

သူမြင်ခဲ့သည်က သူမဟုတ်တဲ့အခြားသူတစ်ယောက်ရှေ့တွင်
ရီနေသော ကောင်လေး၏ပုံရိပ်....

အစက ဖြိုးလေးဆီကိုသွားဖို့ပြင်ထားတဲ့ခြေထောက်တွေက
အခုတော့ အခြားနေရာသို့....

နံပါတ်တစ်ခုကို ဖုန်းဆက်လိုက်သည်။

"ငါဓာတ်ပုံပို့လိုက်တဲ့သူကို ရှင်းလိုက်"

ဖုန်းဆက်ပြီးလို့ ပြန်လှည့်ရန်ပြင်တော့
နောက်ကနေရောက်လာသော ကောင်လေးကြောင့်
ခြေလှမ်းတွေကို ရပ်‌တန့်ထားမိသည်။

"ကိုခွန်းစစ် သွားကြရအောင်လေ
နောက်ကျနေပြီ"

စိတ်ညစ်နေတဲ့ဖြိုးလေးကို ထပ်ပြီးတော့
စိတ်မညစ်စေချင်ပါ ဒါပေမယ့် သိချင်စိတ်ကိုလည်း
ထိန်းချုပ်လို့မရ..

"‌အင်း သွားမယ်လေ နေဦး
ကိုယ်ဖြိုးလေးကိုမေးစရာရှိတယ်"

စိတ်ဝင်တစား‌ပုံစံနဲ့မေးနေသော ကိုခွန်းစစ်
ဘာများမေးမလို့ပါလိမ့် အရေးကြီးကိစ္စတစ်ခုခုများလား

"ဟိုလေ ခုနက ဖြိုးလေးဘေးကစကားပြောနေတာ
ဘယ်သူလဲ ဖြိုးလေးနဲ့ဘယ်လိုပတ်သတ်တာလဲ"

"ဪ ‌ကိုေနသူရိန်လား
သူက ကျွန်တော်ဆယ်တန်းတုန်းက ကျွန်တော့်ကို
guideလုပ်ပေးခဲ့တာ အခုအဖေဆုံးလို့ လာတာ"

guideလုပ်ပေးတာဆိုတော့ ဖြိုးလေးရဲ့ဆရာပေါ့
ကိုယ့်ရဲ့နှလုံးသားက သူ့ပိုင်ရှင်ကိုလုယူမယ့်သူထင်ပြီး
ငိုနေခဲ့တာ ကိုယ့်ရင်တစ်ခုလုံးဗလောင်ဆူနေပြီ

ကြွေပန်း(Unicode+Zawgi)Where stories live. Discover now