Part(1)

1.7K 55 0
                                    

Unicode//

ပြတင်းပေါက်က နံနက်ခင်းရောင်ခြည်တန်းလေးတွေ
ဝင်လာတော့ အိပ်ရာကထပြီး
ငေးကြည့်နေမိသည်။

ပြာလဲ့သော ကောင်းကင်ယံမှာ
ဖြူဖွေးသော တိမ်စိုင်တို့က နေရာယူလျက်။
တစ်မျိုးပနံသင့်၍ လှနေပေသည်။
ငှက်ကလေးတွေရဲ့ တေးသီသံလေးတွေ
ပန်းရနံ့လေးတွေကလည်း
လေဝေ့တိုင်း သင်းပျံ့လို့။
ဒီနေ့ကျမှ အရာအားလုံးက
ပိုပြီး လှပနေသယောင်...

အတွေးရေယာဉ်ထဲ မျောနေမိချိန်

"ဖြိုးလေး နိုးနေပြီလား"

ထွက်ပေါ်လာသော နူးညံ့တဲ့အသံတစ်ခု

"ဟုတ် အခုလေးတင်နိုးတာ
အစောကြီးရှိသေးတယ် ကိုခွန်းစစ်က ဘာလာလုပ်တာတုန်း"

ကျွန်တော့်ရဲ့နာမည်ကို ခွန်းစစ်နိုင်လို့
အပြည့်အစုံမခေါ်ဘဲ ကိုခွန်းစစ်လို့ခေါ်နိုင်တာ
ကျွန်တော့်ဖြိုးလေးတစ်ယောက်ပဲရှိတယ်

"ကိုယ်က ဖြိုးလေးကိုလာခေါ်တာ
မနက်စာလိုက်ကျွေးချင်လို့"

နူးညံ့စွာ ပြုံးပြပြီး ကုတင်ပေါ်လာထိုင်သော ကိုခွန်းစစ်....

ကိုခွန်းစစ်က အရမ်းနားလည်ရ ခက်တယ်။
နားလည်ဖို့ ကြိုးစားတိုင်းလည်း
ကျွန်တော့်စိတ်တွေ မွန်းကြပ်လာတယ်။

ကိုခွန်းစစ်ရဲ့ရင်ထဲကို တစ်ခါလောက်တော့
ကျွန်တော်ဝင်ကြည့်ချင်မိပါရဲ့။

"ဟုတ် အာ့ဆိုခဏနော်
ကျွန်တော်မျက်နှာသစ်ပြီး လာခဲ့မယ်"

"အင်း ဖြိုးလေး မျက်နှာသစ်ပြီးရင်ထွက်ခဲ့လေ
ကိုယ်ဖြိုးလေးဝတ်ဖို့ အကျီရွေးထားလိုက်မယ်"

ခေါင်းညိမ့်ပြပြီး ရေချိုးခန်းထဲသာ
ဝင်လာလိုက်တယ်

ကိုခွန်းစစ်က ကျွန်တော့်ကို အရမ်းဂရုစိုက်သလို
အရမ်းလည်း ချုပ်ချယ်တတ်တယ်။
ကျွန်တော် မလွန်ဆန်ခဲ့မိဘူး။

အဲ့လို မလွန်ဆန်ခဲ့မိတာက
ကျွန်တော့်အချစ်အတွက်
ကျိန်စာဖြစ်စေခဲ့တယ်ဆိုတာသာ သိခဲ့ရင်......

"ဖြိုးလေး မြန်မြန်ဆင်းခဲ့လေ
ဗိုက်ဆာနေဦးမယ်"

အောက်မှ လှမ်းအော်နေသော ကိုခွန်းစစ်

ကြွေပန်း(Unicode+Zawgi)Nơi câu chuyện tồn tại. Hãy khám phá bây giờ