Part(5)

393 24 0
                                    

Unicode//

အတန်းချိန်ပြီးလို့ ပြန်မယ်လုပ်တော့
ကိုလင်းသူခန့်ကဘေးမှ ကပ်ပါလာသည်။

"ငယ်လေး အတူတူပြန်မယ်လေ
ငယ်လေးကို အိမ်ကလာကြိုမှာလား"

"အင်း ဟုတ်တယ်
ကျွန်တော့်အစ်ကို လာကြိုမှာ"

"ဪ မနက်က လိုက်ပို့တဲ့တစ်ယောက်လား"

"အင်း ကိုလင်းသူခန့်က ဘယ်လိုလုပ်သိတာလဲ"

"ကိုယ်က တစ်ချိန်လုံးဒီအတန်းထဲမှာ ရှိတယ်လေ
ပြီးတော့ တက္ကသိုလ်ကျောင်းသားတစ်ယောက်ကို
သူငယ်တန်းကလေးတစ်ယောက်လို
အတန်းရှေ့ထိလိုက်ပို့လို့ သတိထားမိသွားတာပါ"

ဪ လို့သာပြောပြီး ရှက်နေသောကောင်လေး။
ဖြူလွန်းသော မျက်နှာလေးပေါ်တွင်
ရှက်သွေးလေးများက ဖြတ်ပြေးလျက်။

ထိုကောင်လေးကိုကြည့်နေသော
ကောင်းလေးတစ်ယောက်ရဲ့ရင်ထဲမှာတော့
ရင်ခုန်သံတစ်ချက်။
ကာယကံရှင် မသိလိုက်ခင်မှာပေါ့......

"ငယ်လေးကို ကိုယ် ကျောင်းပေါက်ဝထိလိုက်ပို့ပေးမယ်လေ"

"ရပါတယ် လိုက်မပို့ပါနဲ့တော့
ကျွန်တော်တစ်ယောက်ထဲ သွားတတ်ပါတယ်"

ကျွန်တော့်ရဲ့ဘေးနားမှာ သူစိမ်းတစ်‌ယောက်ယောက်ရှိနေတာကို ကိုခွန်းစစ်နိုင် မကြိုက်တာ ကျွန်တော်သိသည်။
အကြောင်းပြချက်မရှိပေမယ့် ကိုခွန်းစစ်နိုင် စိတ်ဆင်းရဲရမယ့်အဖြစ်မျိုးလည်း မဖြစ်စေချင်သည်မှာ အမှန်ဖြစ်သည်။

"‌ဒါဆိုလည်း ပြီးရောလေ
မနက်ဖြန်ကျ တွေ့ကြတာပေါ့ ငယ်လေးအရင်သွားလေ "

ထွက်ခွာသွားသော ကျောပြင်ကို
ငေးကြည့်နေခဲ့မိသည်။

မကုန်နိုင်တဲ့ မနက်ဖြန်တိုင်းမှာ
တွေ့ချင်ပါသေးတယ် ငယ်လေး.........

ကျောင်းပေါက်ဝကိုမရောက်ခင် ကားကိုမှီပြီး
ရပ်နေတဲ့ ကိုခွန်းစစ်ကို အဝေးကြီးကနေကို
လှမ်းမြင်နေရသည်။

ကိုခွန်းစစ် ကုမ္ပဏီကောသွားရဲ့လား မသိဘူး။
ကျွန်တော် တက္ကသိုလ် မတက်ခင်တုန်းကလည်း
ကျွန်တော်ပျင်းနေမှာစိုးလို့တဲ့ ကုမ္ပဏီမသွားဘူး။
သူ့လက်အောက်က လူတွေနဲ့ဘဲ လွှတ်ထားတာ။

ကြွေပန်း(Unicode+Zawgi)Donde viven las historias. Descúbrelo ahora