Part(4)

455 30 2
                                    

Unicode//

ဒီနေ့ဖြိုးလေးတက္ကသိုသ် ပထမဆုံးနေ့။

ဖြိုးလေးက စာမေးပွဲမှာဂုဏ်ထူးသုံးခုပါတော့
တက်ချင်တဲ့ နည်းပညာတက္ကသိုလ်ကို
တက်ခွင့်ရတယ်။

ဖြိုးလေးဖြစ်ချင်တဲ့ အင်ဂျင်နီယာတစ်ယောက်
ဖြစ်ခွင့်ရတဲ့အတွက် ကိုယ်လည်းထပ်တူ
ဝမ်းသာပါတယ်။

ဒါပေမယ့် မင်းကို တစ်ချိန်လုံးမတွေ့နိုင်တော့တဲ့အတွက်
ကိုယ်တကယ် ဝမ်းနည်းမိတယ်။

ဖြိုးလေးနဲ့ တစ်စက္ကန့်မတွေ့ရရင်တောင်
တစ်ကမ္ဘာခြားသလို ခံစားနေရပြီမို့....
ကိုယ်တော့ တစ်နေ့လုံးလွမ်းနေရတော့မယ်
ထင်ပါရဲ့။

ပြီးတော့ ကိုယ်ဖြိုးလေးကို စိတ်မချနိုင်ဘူး။

ကိုယ့်ရဲ့ကလေးလေးက တကယ့်ကလေးလေးလိုဘဲ။
ဘာမှသိတာ မဟုတ်ဘူး။
လူလိမ်တွေနဲ့တွေ့ရင် ဘယ်လိုလုပ်မလဲ။

မတည့်တာတွေ စားနေရင်ရော။
ကိုယ်က မင်းအတွက် မနက်စာ
နေ့လည်စာ ညစာ အကုန်စီစဉ်ပေးတာဆိုတော့
ဖြိုးလေးကျောင်းမှာ နေ့လည်စာ စားတတ်ပါ့မလား။
သူငယ်ချင်းမရှိဘဲ
တစ်ယောက်ထဲ အထီးကျန်နေရင်ရော။

ဟာ...ဘယ်လိုဘဲတွေး‌တွေး
ကိုယ် မင်းကို စိတ်မချနိုင်တာတော့ အမှန်ဘဲ။

ကိုယ်ကသာ တစ်ယောက်ထဲတွေးရင်း
စိတ်ပူနေတာ သူလေးကတော့
သီချင်းလေးတအေးအေးနဲ့ ဆင်းလာတယ်။

အကျီအဖြူလေးနဲ့ ပုဆိုးအပြာရောင်လေးကို
ဝတ်ထားတဲ့‌ေကာင်လေးရဲ့ပုံစံလေးက
တကယ်ချစ်စရာ။ လူကြီးပုံဖမ်းထားတဲ့
ကလေးလေးကျနေတာဘဲ။

စိတ်ရှိလက်ရှိတိုင်းဆိုရင်လေ အဲ့ဒီလူသားလေးကို
အာခံတွင်းထဲထည့်ပြီး ငုံထားလိုက်ချင်သည်။

သူ့ကိုစိုက်ကြည့်နေတာသိတော့
မျက်စောင်းလေးထိုးပြလာတဲ့ ကောင်လေး။

မင်းလေးက ကိုယ့်ကိုလေ
အဲ့လို.....အဲ့လိုမျိုးလေးတွေနဲ့ ဖမ်းစားနေလို့
ကိုယ့်ရဲ့အချစ်တွေက ထိန်းမနိုင်တော့အောင်
လျှံကျလာတာ သိလား။

အဲ့ဒါ မင်းအပြစ်
ကိုယ့်ရဲ့အချစ်တွေကို
ဖြိုးလေးရဲ့နှလုံးသားလေးထဲမှာ သိမ်းထားပေးတော့.....

ကြွေပန်း(Unicode+Zawgi)Where stories live. Discover now