Part(10)

349 18 2
                                    

Unicode//

ကျွန်တော် သတိဝင်လာသောအချိန်တွင်ကား ကိုယ်ပေါ်ပိုင်းမှ လစ်ဟင်းမှုကို ခံစားလိုက်ရသည် ။ လည်ပင်းနားတစ်ဝိုက်မှ အနီရောင်အမှတ်များ ။ တစ်နည်း ကိုခွန်းစစ်မှတ်သားထားသည့်အမှတ်များ ။

" ကိုခွန်းစစ် ကျွန်တော့်ကိုလွှတ်ပါ ကျွန်တော် တောင်းပန်ပါတယ် "

အတင်းတွန်းဖယ်ရုန်းနေမိသော်လည်း ကိုခွန်းစစ်အား လွန်ဆန်နိုင်ခြင်း မရှိသေး ။ ကိုခွန်းစစ်ကို ကျွန်တော် ချစ်ပါသည် ။ သို့သော် ဒီလို ဒီလိုမျိုးတော့ ကျွန်တော် အဖြစ်မခံနိုင်ဘူး ။ ကျွန်တော် ချစ်ရသူကို ‌ကျွန်တော်ပေးဆပ်ချင်ပါသည် ။ သူလိုချင်သောအရာကို ပေးချင်ပါသည် ။ သို့သော် ဤမျှ ပေါ့ပေါ့တန်တန်တော့ မဖြစ်ချင်ပါ ။

ကိုခွန်းစစ် ခေါင်းမတ်သွားသည်နှင့်တစ်ပြိုင်နက် ခြေထောက်နှင့် ကန်ကာ ကုတင်ပေါ်မှ ဆင်းပြေးသွားမိသည် ။ ကိုခွန်းစစ်အနာကို ကပ်လိုက်မိမှန်း ကျွန်တော် သိသည် ။ အသားနာသွား၍ထင် ကိုခွန်းစစ်မျက်နှာသည် ဒေါသအရောင်ကြောင့် နီရဲနေပေပြီ ။

" ဖြိုးလေး မင်းက ငါ့စကားကို နားမထောင်ဘူးပေါ့ ဘာလဲ မင်းဘဝ ငါ့လက်ထဲဆုံးမှာကို အရမ်းကြောက်နေတယ်ပေါ့ ဟက် မင်းကောင်ကို မကျွေးလိုက်ရလို့လား "

' ခွပ် '

လက်သီးတစ်ချက် ။
ခွန်းစစ်နိုင်၏မျက်နှာထက် ကျရောက်လာခဲ့သည် ။

" ကိုခွန်းစစ်နိုင် ခင်ဗျား လွန်လာပြီ ခင်ဗျား ကျွန်တော့်ကို မစော်ကားနဲ့ ကျွန်တော့်စိတ်ကို ခင်ဗျား အခုထိ မသိနိုင်သေးဘူးလား ဟင် ခင်ဗျား မသိသေးဘူးလား "

မနာသော်လည်း နာကျင်ခြင်းမရှိသော်လည်း
အထိုးခံလိုက်ရသောနေရာအား လက်ဖြင့်ကိုင်ထားမိသည် ။
အနာက မနာသော်လည်း ရင်ဘတ်က နာလှသည် ။
သူ့ဖြိုးလေးက သူ့ကို ထိုးသည်တဲ့ ။

ကြောင်အမ်းကာ ဘာစကားမျှ မဆိုနိုင်
ထိုအတိုင်းပင် သူ့လူသားလေးအား ငေးနေမိသည် ။

" ခင်ဗျား ယူချင်လား ဟင် ခင်ဗျား ကျွန်တော့်ကို ပိုင်ဆိုင်ချင်တာလားလို့ အဓိပ္ပာယ်မရှိတဲ့စကားတွေ လာမပြောနဲ့ ယူ ကျွန်တော့်ရဲ့အရာအားလုံး ခင်ဗျားအတွက် ပေးဆပ်ထားပြီးသား "

ကြွေပန်း(Unicode+Zawgi)Dove le storie prendono vita. Scoprilo ora