Part(14)

225 13 0
                                    

Unicode//

စိတ်မဖြောင့်၍ အလုပ်အားမြန်မြန်လက်စသတ်ထားခဲ့သည် ။
ဒီနေ့ကျမှ ဘာရယ်ကြောင့် စိတ်မဖြောင့်ဖြစ်နေသည် မသိ ။
ကားပေါ်ရောက်ရောက်ချင်း ဖုန်းဝင်လာသောကြောင့် ထုတ်ကြည့်မိတော့ ဖြိုးလေးဖုန်း......

" ဖြိုးလေး ကိုယ်အခု ပြန်လာပြီ ဘာမှာမလို့လဲ ပြောလေ "

"..............."

" ဘာ "

"..........."

" အခုချက်ချင်းလာခဲ့မယ် ကျေးဇူးပါဗျာ ခနလောက် စောင့်ထားပေးပါ ကျွန်တော်အခုချက်ချင်းထွက်လာပြီ "

ကားလေးတစ်စီး အရှိန်ကုန်မြင့်ကာ မောင်းထွက်သွားခဲ့သည် ။ ရင်ထဲတွင် လှိုင်းထံပိုးများ ထန်နေခဲ့ပြီ ။ မြန်နိုင်သမျှ အမြန်ဆုံးမောင်းကာ ဖြိုးလေးဆီသို့ရောက်ချင်လွန်းလှလေပြီ ။
ဒေါသစိတ် ဝမ်းနည်းစိတ်များက လွန်ဆွဲနေခဲ့သည်။

ဆေးရုံသို့ရောက်သောအခါ သူနာပြုတစ်ယောက်အားမေး၍ ဖြိုးလေးရှိရာအခန်းဆီသို့ သွားခဲ့သည် ။
အခန်းရှေ့ရောက်သောအခါ အခန်းတံခါးမခေါက်ဘဲ ဝင်သွားလိုက်သည် ။ ဖုန်းဆက်သောလူသည် ရှိမ
​နေတော့
အလုပ်မအား၍ ပြန်သွားလေသည်လား...

လူသားလေးကား အိပ်ယာထက် မှေးစက်ဆဲ ။
လက်ဖွေးဖွေးလေးတွင် ပုလင်းချိတ်ထားသည့်အပ်ကား အကျည်းတန်လွန်းလှစွာ မလိုက်မဖက်ရှိနေခဲ့သည်။

ဖြူလျော့၍ သွေးမရှိသည့်အလား ။ မျက်နှာထက်တွင် အညိုအမည်းများစွဲနေသည် ။ လွန်ပြီ တော်တော်လွန်သွားပြီ။ ကိုယ့်လူသားလေးကို အကြည့်စူးစူးတစ်ချက်တောင် ကြည့်လျှင် မျက်လုံစဖောက်ထုတ်ပစ်ချင်သည် ။ ယခုတော့.... အရမ်းလွန်သွားပြီ ဟက်.. တန်ကြေးကတော့ များမယ် ။

ကုတင်ဘေးကပ်သွားတော့ နိုးနေပြီထင်သည် ။ မျက်ဝန်းများကား ဖြည်းညင်းစွာ ပွင့်ဟလာခဲ့သည် ။

"ဖြိုးလေး သတိရ..."

ပြောစကားပင် မဆုံးသေး ရင်ခွင်ထဲ ရောက်ရှိလာလေသည်။

" ကျွန်တော် ကျွန်တော် အရမ်းကြောက်နေခဲ့တာ ကိုခွန်းစစ် သိလား ကိုခွန်းစစ်...ကိုခွန်းစစ်ကို...နောက်...နောက်မတွေ့ရတော့မှာကို...အရမ်း... ကျွန်တော် အရမ်း....ကြောက်နေခဲ့တာ "

ကြွေပန်း(Unicode+Zawgi)Where stories live. Discover now