Part(7)

311 21 0
                                    

Unicode//

ညနေခင်း ဖြစ်သော်လည်း မြန်မာနိုင်ငံရဲ့နွေရာသီပီပီ
နေမင်းကြီးက ထည်ဝါလျက်
အပူလှိုင်းများကို ဖြန့်ကျက်နေပေသည်။

ထိုပူပြင်းလှတဲ့နေရောင်အောက်တွင်
အနက်ရောင်ကားလေးတစ်စီးက နေရာယူလျက်။

ကားလေးရဲ့ဘေးတွင်တော့ အနောက်တိုင်းအကျီကို
ဝတ်ဆင်ထားတဲ့ကောင်လေးတစ်ယောက်က
မှီ၍ရပ်နေပေသည်။

တိကျသေသပ်တဲ့ နှုတ်ခမ်းပါး
ဖြောင့်ဆင်းနေတဲ့နှာတံနဲ့ ထိုလူငယ်ကို
ကျောင်းသူလေးများက လှည့်ကြည့် လှည့်ကြည့်။

"ချောလိုက်တာဟယ် ဘယ်သူ့လာကြိုတာလဲ
မသိဘူးနော်"

"ဘယ်သိမှာလဲ သေချာတာကတော့
နင့်ကိုလာကြိုတာမဟုတ်ဘူး ဆိုတာဘဲ"

"သူက အရမ်းစမတ်ကျတာဘဲ"

"ဟယ် သူက seme type လေးဘဲ
သေချာတယ် သူ့ရဲ့ke လေးကို လာကြိုတာနေမှာ"

ထိုသို့ တစ်ယောက်တစ်ပေါက်ပြောနေကြသော
ကျောင်းသူလေးများသည် သူ့ရဲ့မျက်မှန်အောက်က
မျက်ဝန်းနက်များကိုတော့မမြင်နိုင်ခဲ့။

လူကသာ တည်ငြိမ်ဟန် ဆောင်နေပေမယ့်
သူ့ရဲ့မျက်ဝန်းများနဲ့ အတွေးများကတော့
တစ်စုံတစ်ယောက်ကို အသည်းအသန်ရှာဖွေနေခဲ့သည်။

ဖြိုးလေးရယ် ဘယ်ရောက်နေတာလဲ။
ကျောင်းဆင်းနေပြီလေ။

တစ်မိနစ် နှစ်မိနစ် မှသည် တစ်နာရီ နှစ်နာရီဆီသို့...
သို့သော် သူစောင့်နေခဲ့သော လူသားသည်
ရောက်မလာခဲ့ပါ။

သူ့နားဝဲလည်နေကြသော ကျောင်းသူလေးများပင်
မရှိတော့ပြီ။
ကျောင်းဝင်းတစ်ခုလုံး တိတ်ဆိတ်မှုအတိ။

နေပူထဲတွင် အကြာကြီးရပ်စောင့်နေခဲ့ရသည်မို့
ခေါင်းတွေပင် မူးလာပြီ။ချွေးများကလည်း
ရွှဲနစ်လို့။
သူ့အတွေးထဲ နှလုံးသားထဲမှာတော့
ဖြိုးလေးဆိုသော လူသားလေးတစ်ဦးက
စိုးမိုးလျက်ပင်......။

ကိုယ် စောင့်နေပါတယ် ဖြိုးလေးမြန်မြန်လာပါတော့။
တော်တော်ကြာနေပြီလေ။
ကိုယ့်ကို စိတ်ပူရအောင် မလုပ်ပါနဲ့။မြန်မြန်လာပါတော့။
ကိုယ်စောင့်နေတယ်လေ။

ကြွေပန်း(Unicode+Zawgi)Where stories live. Discover now