Part(19)

258 10 0
                                    

Unicode//

" ဖြိုးလေး ဖြိုးလေး သတိထားအုံးလေ ဖြိုးလေး "

ကိုယ့်ရဲ့အနား အာ့လောက်တောင်ဘဲ မနေချင်တာလား ။ ကိုယ်နဲ့ဝေးရဖို့ အသက်ကိုတောင် စွန့်လွှတ်ဖို့ ဝန်မလေးဘူးပေါ့ ။ ကိုယ့်ကို အာ့လောက်တောင်ဘဲ မုန်းနေခဲ့တာလား ။ ဘာလို့လဲ ဘာလို့လဲ ။ ကိုယ်ဘာတွေမှားယွင်းနေလို့လဲ ။ ကိုယ် ဘာအမှားလုပ်မ်ိလို့ အခုလောက်ထိ အခုလိုလုပ်ရလောက်တဲ့ထိ ဖြိုးလေးက ကိုယ့်အဝေးကို ထွက်သွားချင်ရတာလဲ ။

ဖန်ခွက်ကွဲသံတွေ ကြားနေပေမယ့် သူကျွန်တော့်အဝေးကို ထွက်မသွားရုံနဲ့ ကျေနပ်တာမို့ သူစိတ်ထင်တိုင်း လုပ်နိုင်အောင် လွှတ်ထားမိသည် ။ သို့သော် ဖန်ခွက်သံတို့ တိတ်ဆိတ်ကာ အခြားအသံများလည်း မကြားရတော့သောကြောင့် ဝင်ကြည့်မိတော့ လက်ကောက်ဝတ်တွင် ဖန်ကွဲစဖြင့် လှီးထားသောကြောင့် သွေးနီရဲရဲတို့ စိုနေသည် ။ သတိဖျော့ဖျော့ရှိသေးသည်မို့ သိပ်တော့မကြာသေးဟန် တူသည် ။ ဆေးရုံသို့ အချိန်မှီသွားရန်တော့ လိုအပ်သည် ။ တစ်ကြောင်းထဲမဟုတ် စိတ်ထင်တိုင်း လျှောက်လှီးထားသောကြောင့် ဖြူဥသောအသားလေးနဲ့မလိုက် လက်ကောက်ဝတ်တစ်ဝိုက်တွင် သွေးထွက်နေသော အစင်းကြောင်းများစွာကို တွေ့ရသည် ။ အချို့နေရာများတွင် အသားစများပင် ပဲ့လျက် ။ ဖြိုးလေးရာ.........

မြို့ပြင်ရှိခြံထဲတွင် ဖြစ်သောကြောင့် မြို့ထဲရောက်ဖို့ အတော်လှမ်းလှမ်းမောင်းရမည် ။ မမှီခဲ့ရင် ဟာ မမှီဘူးဆိုတာ မရှိဘူး ။ ဖြိုးလေး ဘာမှမဖြစ်ရဘူး ။ ဖြိုးလေးက အကြာကြီး ကိုယ့်ဘေးမှာ နေရအုံးမှာ ။ သွေးတိတ်စေရန် အဝတ်စပက်ပေးပြီးနောက် ကားပေါ် ပွေ့ချီကာ ဆေးရုံသို့ အမြန်ဆုံး မောင်းရသည် ။ ကားပေါ်တွင် သတိရတစ်ချက် မရတစ်ချက်ဖြစ်နေသော ဖြိုးလေးကိုကြည့်ရင်း ကျွန်တော့်ကိုကျွန်တော် မုန်းမိသည် ။ ပျော်ရွှင်နေသောဖြိုးလေး၏ပုံရိပ်ကို နေ့ချင်းညချင်း ပျော်ရွှင်မှုတွေ ပျောက်ကွယ်စေခဲ့တာ ။ ကျွန်တော့်အပြစ်တွေကြောင့် ဖြိုးလေးအခုလိုဖြစ်ရတာ ။ ဖျော့တော့ကာ သွေးမရှိတော့သလိုဖြစ်နေသော ဖြိုးလေးကိုကြည့်ရင်း မျက်ဝန်းအိမ်၌ မျက်ရည်စတို့ စိုရွှဲလာသည် ။ ဖြိုးလေး အခုလိုဖြစ်တာကို ကိုယ်မကြည့်ချင်ဘူး ။ မဟုတ်ဘူး ။ ဖြိုးလေးကို အခုလို မဖြစ်စေချင်ဘူး ။

ကြွေပန်း(Unicode+Zawgi)Where stories live. Discover now