Ch 1

157K 3.9K 110
                                    

Unicode

လူနှစ်ရပ်စာ အုတ် တံတိုင်းအမြင့်တို့ပေါ်တွင် လျှပ်စီးများ တဖျတ်ဖျတ်လွှတ်ထားသော ခြံဝင်းကြီးအတွင်း တည်ဆောက်ထားသည့်စံအိမ်ကြီးက မှန်ချပ်တော်တော်များများ နှင့်နေရာယူထားသည်။

ကျည်ကာ မှန်များနှင့်တည်ဆောက်ထားသောစံအိမ်ရှိရာ ခြံဝင်း၏ ဘယ်ဘက်ခြမ်းနှင့်ညာဘက်ခြမ်းတွင် နှစ်ထပ်ဆောင်များစွာ ဝန်းရံလျက်....။

ခြံဝမှ စံအိမ်ကြီး ရောက်ဖို့ လမ်းကွေ့ အနည်းငယ်ဖြတ်သန်းရပြီး လမ်းတစ်လျှောက်အုံ့မှိုင်းမှိုင်းသစ်ပင်တို့က စံအိမ်ကြီးကိုကာကွယ်ပေး ထားသည့်နှယ်။

စံအိမ်ကြီး၏ အနောက်ဘက်ရှိ ကြီးမားသောလေ့ကျင့်ရေးကွင်းအတွင်း ၌ ပုံမှန်ဆိုလျှင် စွပ်ကျယ်ကိုယ်ကျပ်နှင့် ပြောက်ကျားဘောင်းဘီကို ဝတ်ဆင်ထားသော ယောက်ျားပျိုများ၏ လေ့ကျင့် တိုက်ခိုက်သံတွေ ဆူညံနေပေမယ့် ယနေ့တွင်တော့ အပ်ကျသံပင်မကြားရ...။

အစိုးရ ထိပ်ပိုင်းအရာရှိများပင် လက်လွတ်စပါယ်မဝင်ရဲသော ဤ စံအိမ်ကြီးဆီသို့ Mercedes S-580 အနက်ရောင်ကား သုံးစီး..ဦးတည်မောင်းနှင်လျက်ရှိသည်...။

နားတစ်ဖက်တွင်ကြိုးနှင့်သွယ်တန်းထားသော ဆက်သွယ်ရေးနားကြပ်အတွင်းမှစကားသံ တစ်ချို့ထွက်လာ​သောအခါ ခြံဝမှ သေနတ်ကိုင်လျက်စောင့်ကြပ်နေသော ကင်းတဲ မှာ ခဏအတွင်းလှုပ်လှုပ်ရှားရှားဖြစ်ကုန်၏ ။ ခြံတံခါး ဆွဲဖွင့်လျက် သတိအနေအထား ရပ်စောင့်နေကြပြီး မကြာခင် Mercedes အနက်ရောင်သုံးစီး ရှေ့ဆင့်နောက်ဆင့်ဝင်လာချိန်၌ ဦးညွတ် အရိုအသေပြုကြ၏

လမ်းတစ်ဝက်၌ အရှေ့ နှင့်အနောက်မှကားများ လမ်းခွဲ အသီးသီးသို့ရှောင်ဖယ်သွားပြီး အလယ်မှ ကားအနက်လေးက စံအိမ်ကြီး ရှေ့ဆင်၀င်အောက်သို့ ညင်သာစွာ ဆိုက်၏

ခပ်သွက်သွက် အနားရောက်လာကာ တံခါးဖွင့်ပေးသော လူငယ်က ကားအတွင်းမှ ထွက်လာမည့်သူကိုစေ့စေ့မကြည့်ရဲစွာ ခေါင်းငုံ့ထားလျက်...။ အနောက်အနည်းငယ်ဆုတ်ကာလမ်းဖွင့်ပေးထားသည်က ရို့ကျိုးသောခန္ဓာကိုယ်အမူအယာ နှင့်ဖြစ်သည်။

Daddy's Command (Unicode+Zawgyi)Where stories live. Discover now