Ch 16

31.8K 2K 149
                                    

Unicode

ဖိကပ်လိုက်မိသည့် နှုတ်ခမ်းသားခပ်နွေးနွေးက ဝီစကီအရသာ ခါးသက်သက်ကိုအရင်ရစေသည်။ ဆေးလိပ် မီးညှိပေးတိုင်း မမှိတ်မသုန် စိုက်ကြည့်ကာ အလွတ်ကျက်ခဲ့ဖူးသည့် ခပ်ရဲရဲနှုတ်ခမ်းပါးတစ်စုံ က ခေတ္တမျှ ငြိမ်သက်သွား၏

အရဲစွန့်နမ်းရှိုက်လိုက်သည့်နှုတ်ခမ်း ကပြန်လည်လှုပ်ရှားလာသည့်အချိန်တွင်တော့ ရိပေါ်အမှီမလိုက်နိုင်တော့။တိုးဝင်လာသည့်လျှာဖျား၏ အထိအတွေ့ကိုခံစားရသည့်အခါ ခန္ဓာကိုယ်၏အားအင်အကုန်ဆွဲယူခံလိုက်ရသလို ယိုင်နဲ့နဲ့နှင့်။

ခေါင်းအနောက်ဘက် ဆံပင်တွေကြားတိုးဝင်ထိန်းကိုင်လာသည့် လက်ဖဝါးခပ်နွေးနွေးကြား အကြိမ်ကြိမ်ကျရှုံးရသည်မှာလည်း အတုံးတုံးအရုံးရုံး။ အချိန်အနည်းငယ်ကြာမြင့်သည့်အခါတွင်တော့သက်လုံကောင်းအောင်လေ့ကျင့်ခဲ့မိသည့် အားကစားနည်းအစုံကလည်း ဒီအချိန်အသုံးမဝင်တော့။

တဖြည်းဖြည်းမောဟိုက်လာသည်မှာ သိသိသာသာရယ်။ အသက်ရှူရခက်လာသည့်ရိပေါ်က daddy ခါးက အင်္ကျီစကိုဆုပ်ကိုင်မိတော့ အောက်နှုတ်ခမ်းကို တစ်ချက် နမ်းပြီး မှ daddy လွှတ်ပေး၏

"ဒဏ်ရာရှိလို့ မနမ်းသေးဘူးဆိုတာကိုမရပါလား ဝမ်ရိပေါ်"

မျက်လုံးတည့်တည့်ကိုစိုက်ကြည့်ပြီးပြုံးစစ နှင့်ပြောလာသည့် daddy စကားကြောင့် ရိပေါ် မျက်နှာတစ်ခုလုံး ရဲနေပေသည်။ မနေနိုင်သည့်အဆုံး ကိုယ့်ဘက်က စနမ်းလိုက်ပေမယ့် စိတ်ဆိုးသွားမလားဆိုသည့် စိုးထိတ်မှုက ရင်ဘတ်ထဲအပြည့်။

daddy ဆီက စိတ်ဆိုးမှု ငြိုငြင်မှုသေးသေးလေးတွေကိုတောင်ရိပေါ်မလိုချင်ပါ။

ရိပေါ်ဘက်က အနမ်းတို့ကိုစတင်ခဲ့မိပေမယ့် ထိုအနမ်းတို့ကိုဆက်လက်ဦးဆောင်သူသည် daddy ဖြစ်သည်။ ထိုဦးဆောင်မှုနောက် လိုလိုလားလားလိုက်ပါမိတော့ ခပ်ငြိမ့်ငြိမ့်လှိုင်းတစ်ခုသည် သိသိသာသာဖြတ်ပြေး၏

"တောင်းပန်ပါတယ် daddy ခွင့်ပြုချက်မရပဲ လုပ်လိုက်မိတာကို"

"ခွင့်ပြုချက်မလိုဘူးရိပေါ်"

Daddy's Command (Unicode+Zawgyi)Where stories live. Discover now